Pages

Wednesday, October 23, 2013

ကာကာမှာ ခြေစွမ်းကောင်းတွေရလာနေပြီဖြစ်ကြောင်း ဂယ်လီယာနီ ပြောကြား

Photo: ကာကာမှာ ခြေစွမ်းကောင်းတွေရလာနေပြီဖြစ်ကြောင်း ဂယ်လီယာနီ ပြောကြား
Wednesday, October 23, 2013

အေစီမီလန်အသင်း CEO ဖြစ်သည့် ဂယ်လီယာနီက မနေ့က ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်တဲ့ အေစီမီလန် နှင့် ဘာစီလိုနာ ပွဲစဉ်ပြီးဆုံးပြီးနောက်ကာ ကာ၏ ခြေစွမ်းနဲ့ ပတ်သက်ပြီး ဂုဏ်ပြုပြောကြားခဲ့ပါသည်။ မနေ့က အေစီမီလန် နှင့် ဘာစီလိုနာအသင်းတို့ တဖက်တစ်ဂိုးစီ ရလဒ်ဖြင့် ပြီးဆုံးခဲ့ပါသည်။ အေစီမီလန်အသင်းမှ ၉ မိနစ်မှာ ရော်ဘင်ဟိုက ဗွေဆော်ဦး ဂိုးကို စသွင်းယူခဲ့ပေမည့်လည်း ဘာစီလိုနာမှ ပွဲချိန် ၂၃ မိနစ်တွင် မက်ဆီက ပြန်လည် ချေပဂိုး သွင်းယူခဲ့သောကြောင့် ပွဲအပြီးမှာ အိမ်ကွင်း ဆန်စီရိုမှာ သရေ ရလဒ်ဖြစ်ခဲ့တာပါ။ ကာကာအား မနေ့ညက ပထမပိုင်းပွဲအပြီး၊  ဒုတိယ ပိုင်းကစားဖို့ ထွက်လာရာ လမ်းတွင် လာလီဂါမှ ရင်းနှီးဖော် သူငယ်ချင်းများနှင့် ဘရာဇီးသားများဖြစ်တဲ့ အဲဗက် နှင့် နေးမား တို့ကို ပျော်ရွှင်ရင်းနှီးစွာ နှုတ်ဆက်နေပုံတွေကို ရုပ်သံမှ ပြသတာကို မြင်ခဲ့ရပါသည်။
   
    နွေရာသီအပြောင်းအရွေ့ ကာလမှာ ရီးရဲလ်အသင်းနှင့် သဘောတူညီချက်အရ အသင်းဟောင်း အေစီမီလန်ကို ပြန်လည်ပြောင်းရွေ့လာသည့် ကွင်းလယ် တိုက်စစ်ကစားသမား ဖြစ်တဲ့ ကာကာ၏ စွမ်းရည်တွေကို သူ၏ ပထမဦးဆုံး ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ တွေ့ခဲ့ရသည်ဟု CEO ကပြောခဲ့ပါသည်။ " အစွမ်းကုန် ကြိုးစားကစားခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပြီး ကာကာအတွက်လည်း ကျေနပ်ပျော် ရွင်မိတယ်။ သူဒီမှာ ကစားနေတဲ့ အချိန်တိုင်းမှာ ဒီက ပရိတ်သတ်တွေ အားလုံးက သူဟာ နောက်တစ်ကြီမ် ပြန်လာပြီးနောက် အသင်းအ တွက်အကောင်းဆုံးရလဒ်တွေ အမြောက်အများ ပေးစွမ်းနိုင် မယ်လို့ယုံကြည်ထား ကြတယ် " ဟု သူကပြောဆိုခဲ့သည်။ ဒါဟာ ပထမဦးဆုံးအနေဖြင့် ဘာစီလိုနာအသင်း၏ ပွဲချိန်ပြည့် ဖိကစားခံရခြင်းမှ လွတ်ကင်းခဲ့ပြီး၊ ဘာကာအသင်းကို အနိုင်ရနိုင်တဲ့အထိတောင် စွမ်းဆောင်ကစားနိုင်ခဲ့ကြပါတယ်ဆိုပြီးလည်း ပြောခဲ့ပါသည်။ ဆက်လက်ပြီး ဘာလိုတယ်လီ တစ်ယောက် အေစီမီလန်က ထွက်ခွာမည်ဆိုသည့် သတင်းအတွက်လည်း ပြန်လည် ငြင်းဆိုသွားပါတယ်။ 

"ဘာလိုတယ်လီ ဘယ်ကိုမှ ပြောင်းရွေ့မှာ မဟုတ်ပါဘူး၊ ဒါကြောင့်လည်း ပရိတ်သတ်တွေအတွက်အနေဖြင့် စိတ်အေးထားပြီး နေနိုင်ပါတယ်" ဟုပြောကြားခဲ့သည်။ အသက် (၂၃) အရွယ်ရှိပြီဖြစ်တဲ့ မာရီယို ဘာလိုတယ်လီကို အေစီမီလန်အသင်းမှ ပြီးခဲ့တဲ့ ဇန်န၀ါရီလ လောက်က တည်းက ခေါ်ယူခဲ့ပါသည်။ လက်ရှိမှာလည်း အေစီအသင်းတွင် ကျောနံပါတ် ၄၅ ၀တ်ဆင်သည့် တိုက်စစ်မှုး ဘာလိုတယ်လီ သည် အေစီအသင်းနှင့် ၂၀၁၇ အထိစာချုပ် ချုပ်ဆိုထားသူလည်းဖြစ်ပါသည်.။

    မနေ့က ချန်ပီယံလိဂ်ပွဲစဉ် ရလဒ်အပြီး အေစီမီလန်အသင်းသည် ၁ ပွဲနိုင် ၂ ပွဲသရေဖြင့် ရမှတ် ၅ မှတ်ရရှိထားပြီး အုပ်စု ဒုတိယနေရာမှာ ဖြစ်နေပါသည်။ အီတလီ စီးရီးအေ ပွဲစဉ်တွေမှာတော့ ၁၁ ပွဲကစားပြီးနောက် အဆင့် (၈) နေရာကဘဲ ရပ်တည်နေပါသည်။ ကာကာအနေဖြင့် လာမည့်ပွဲစဉ်များမှာ အကောင်းဆုံးခြေစွမ်းတွေ ပြန်ရပြီး အသင်းအတွက် အစွမ်းကုန်ပေးဆပ်နိုင်မည်ဟု မျှော်လင့်မိကြောင်းပါ။

Written by မိုးတိမ် (တမာမြေ)
http://www.football-cafe.com/

RangonNewsDaily:: October. 23 .2013
အေစီမီလန်အသင်း CEO ဖြစ်သည့် ဂယ်လီယာနီက မနေ့က ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်တဲ့ အေစီမီလန် နှင့် ဘာစီလိုနာ ပွဲစဉ်ပြီးဆုံးပြီးနောက်ကာ ကာ၏ ခြေစွမ်းနဲ့ ပတ်သက်ပြီး ဂုဏ်ပြုပြောကြားခဲ့ပါသည်။ မနေ့က အေစီမီလန် နှင့် ဘာစီလိုနာအသင်းတို့ တဖက်တစ်ဂိုးစီ ရလဒ်ဖြင့် ပြီးဆုံးခဲ့ပါသည်။ အေစီမီလန်အသင်းမှ ၉ မိနစ်မှာ ရော်ဘင်ဟိုက ဗွေဆော်ဦး ဂိုးကို စသွင်းယူခဲ့ပေမည့်လည်း ဘာစီလိုနာမှ ပွဲချိန် ၂၃ မိနစ်တွင် မက်ဆီက ပြန်လည် ချေပဂိုး သွင်းယူခဲ့သောကြောင့် ပွဲအပြီးမှာ အိမ်ကွင်း ဆန်စီရိုမှာ သရေ ရလဒ်ဖြစ်ခဲ့တာပါ။ 
 
ကာကာအား မနေ့ညက ပထမပိုင်းပွဲအပြီး၊ ဒုတိယ ပိုင်းကစားဖို့ ထွက်လာရာ လမ်းတွင် လာလီဂါမှ ရင်းနှီးဖော် သူငယ်ချင်းများနှင့် ဘရာဇီးသားများဖြစ်တဲ့ အဲဗက် နှင့် နေးမား တို့ကို ပျော်ရွှင်ရင်းနှီးစွာ နှုတ်ဆက်နေပုံတွေကို ရုပ်သံမှ ပြသတာကို မြင်ခဲ့ရပါသည်။

နွေရာသီအပြောင်းအရွေ့ ကာလမှာ ရီးရဲလ်အသင်းနှင့် သဘောတူညီချက်အရ အသင်းဟောင်း အေစီမီလန်ကို ပြန်လည်ပြောင်းရွေ့လာသည့် ကွင်းလယ် တိုက်စစ်ကစားသမား ဖြစ်တဲ့ ကာကာ၏ စွမ်းရည်တွေကို သူ၏ ပထမဦးဆုံး ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ တွေ့ခဲ့ရသည်ဟု CEO ကပြောခဲ့ပါသည်။
 
 " အစွမ်းကုန် ကြိုးစားကစားခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပြီး ကာကာအတွက်လည်း ကျေနပ်ပျော် ရွင်မိတယ်။ သူဒီမှာ ကစားနေတဲ့ အချိန်တိုင်းမှာ ဒီက ပရိတ်သတ်တွေ အားလုံးက သူဟာ နောက်တစ်ကြီမ် ပြန်လာပြီးနောက် အသင်းအ တွက်အကောင်းဆုံးရလဒ်တွေ အမြောက်အများ ပေးစွမ်းနိုင် မယ်လို့ယုံကြည်ထား ကြတယ် " ဟု သူကပြောဆိုခဲ့သည်။ 
 
ဒါဟာ ပထမဦးဆုံးအနေဖြင့် ဘာစီလိုနာအသင်း၏ ပွဲချိန်ပြည့် ဖိကစားခံရခြင်းမှ လွတ်ကင်းခဲ့ပြီး၊ ဘာကာအသင်းကို အနိုင်ရနိုင်တဲ့အထိတောင် စွမ်းဆောင်ကစားနိုင်ခဲ့ကြပါတယ်ဆိုပြီးလည်း ပြောခဲ့ပါသည်။ ဆက်လက်ပြီး ဘာလိုတယ်လီ တစ်ယောက် အေစီမီလန်က ထွက်ခွာမည်ဆိုသည့် သတင်းအတွက်လည်း ပြန်လည် ငြင်းဆိုသွားပါတယ်။

"ဘာလိုတယ်လီ ဘယ်ကိုမှ ပြောင်းရွေ့မှာ မဟုတ်ပါဘူး၊ ဒါကြောင့်လည်း ပရိတ်သတ်တွေအတွက်အနေဖြင့် စိတ်အေးထားပြီး နေနိုင်ပါတယ်" ဟုပြောကြားခဲ့သည်။ အသက် (၂၃) အရွယ်ရှိပြီဖြစ်တဲ့ မာရီယို ဘာလိုတယ်လီကို အေစီမီလန်အသင်းမှ ပြီးခဲ့တဲ့ ဇန်န၀ါရီလ လောက်က တည်းက ခေါ်ယူခဲ့ပါသည်။ လက်ရှိမှာလည်း အေစီအသင်းတွင် ကျောနံပါတ် ၄၅ ၀တ်ဆင်သည့် တိုက်စစ်မှုး ဘာလိုတယ်လီ သည် အေစီအသင်းနှင့် ၂၀၁၇ အထိစာချုပ် ချုပ်ဆိုထားသူလည်းဖြစ်ပါသည်.။

မနေ့က ချန်ပီယံလိဂ်ပွဲစဉ် ရလဒ်အပြီး အေစီမီလန်အသင်းသည် ၁ ပွဲနိုင် ၂ ပွဲသရေဖြင့် ရမှတ် ၅ မှတ်ရရှိထားပြီး အုပ်စု ဒုတိယနေရာမှာ ဖြစ်နေပါသည်။ အီတလီ စီးရီးအေ ပွဲစဉ်တွေမှာတော့ ၁၁ ပွဲကစားပြီးနောက် အဆင့် (၈) နေရာကဘဲ ရပ်တည်နေပါသည်။ 
 
ကာကာအနေဖြင့် လာမည့်ပွဲစဉ်များမှာ အကောင်းဆုံးခြေစွမ်းတွေ ပြန်ရပြီး အသင်းအတွက် အစွမ်းကုန်ပေးဆပ်နိုင်မည်ဟု မျှော်လင့်မိကြောင်းပါ။

football-cafe , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment