Pages

Wednesday, October 23, 2013

ရှမ်းပြည်တောင်ပိုင်းကို နိုင်ငံခြားသားများ ခွင့်ပြုချက်တောင်းပြီး သွားလာနိုင်ပြီ

RangonNewsDaily:: October. 23 .2013
ရှမ်း ပြည်နယ်တောင်ပိုင်းဒေသ များ ဖြစ်သည့် လွိုင်လင်၊ ပင်လုံ၊ မိုင်း ပွန်၊ နမ့်စန်ဒေသ များကို နိုင်ငံခြား ခရီးသွားဧည့်သည်များသွားရောက် လိုပါက ခွင့်ပြုချက်တောင်းပြီး သွားလာနိုင်ပြီဖြစ်ကြောင်း ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ပြောသည်။
အဆိုပါဒေသများမှာ မြန် မာနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ ၂၀၁၃ခုနှစ် ဇန်နဝါ ရီလ ၁၅ရက်အမိန့်ကြော်ငြာစာ အမှတ် ၇၇/၂၀၁၃အရ မြို့ပြင် ခွင့်ပြုချက်တောင်းခံနယ်မြေ ထဲတွင်ပါဝင်သည့်အတွက် သွား လာလိုပါ က ခွင့်ပြုချက်တောင်းခံ ၍သွားလာနိုင်ကြောင်း ပထမအ ကြိမ် ပြည် သူ့ လွှတ်တော်အဋ္ဌမ ပုံမှန်အစည်းအဝေး ၁၁ရက် မြောက်နေ့ အစီ အစဉ် တွင် လွိုင် လင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သီ၏ မေးမြန်းချက်အား ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။
::
ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက''မြန်မာနိုင်ငံကိုနိုင်ငံတကာဧည့်သည် ဝင်ရောက်မှုက တစ် နှစ်ထက်တစ်နှစ် တိုးတက်လာတဲ့ အတွက် ကန့်သတ်ဒေသ အပြင် တခြားဒေသတွေကိုသွားရောက် လည်ပတ်လိုရင် သက်ဆိုင်ရာမြို့ နယ်ဦးစီးဌာနတွေကို ခွင့်ပြုချက် တောင်းပြီး သွားရောက်နိုင်ပါ တယ်''ဟု ပြောသည်။
::
သံတမန်များ၊ နိုင်ငံတကာ ဆက်ဆံရေးလမ်းကြောင်းမှ လာ ရောက်သော နိုင်ငံခြားသားခရီး သွားဧည့်သည်များအတွက် အ ဓိကလုပ်ဆောင်သည့် ဌာနများမှ နိုင်ငံတော်သမ္မတရုံးနှင့် ပြည် ထောင်စုအစိုးရရုံးသို့ ခွင့်ပြု ချက် တောင်းခံပြီး ခွင့်ပြုသည့်ခရီးစဉ် အတိုင်း သွားလာခွင့်ပြုသွား မည် ဖြစ်ကြောင်း ယင်းကဆက်လက် ပြောသည်။
::
လွိုင်လင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီက ''ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်ဒေသတွင် နေထိုင်တဲ့ တိုင်းရင်းသားပြည် သူ တွေရဲ့အကျိုး ဖြစ်ထွန်းစေဖို့နဲ့ ဒေသတွင်းကကျန်းမာရေး၊ ပညာ ရေး၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း များဖြစ်ထွန်းလာစေ ဖို့ သဘာဝ တောတောင်ရှုခင်းတွေကိုအခြေ ခံပြီး ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းများ ခွင့်ပြုပေးဖို့ရှိ မရှိ သိ ချင်ပါသည်''ဟု မေးမြန်းခဲ့သည့် အပေါ် ဖြေကြားခဲ့ခြင်းဖြစ်သည်။
::
ယခုလက်ရှိ ပြည်ထဲရေး ဝန်ကြီးဌာနမှ သတ်မှတ်ပေးထား သည့် ကမ္ဘာလှည့် ခရီးသည်များ နှင့် နိုင်ငံခြားသားပြည်တွင်း ခရီးသည်များအတွက် သွားလာ ခွင့်ပြုသည့်နယ်မြေများတွင် ရှမ်းပြည်နယ်၏မြို့ပေါ်နေရာ အများစုကို သွားလာခွင့်ပေးထား ပြီး မြို့ပြင်ခွင့်ပြုချက်တောင်းခံ ရသည့်နယ်မြေများ လည်းရှိ ကြောင်း သိရသည်။
::
ပြည်ထဲရေးဝန်ကြီးဌာန မှ နိုင်ငံခြား သားခရီးသွား ဧည့် သည်များအတွက် လုံခြုံမှုရှိစေရန် လေဆိပ်များတွင် သတင်းအဖွဲ့ များနှင့်ပူးပေါင်း၍ စာရင်းမဝင် သော နိုင်ငံခြားသားခရီးသွား များကို စောင့်ကြည့်ခြင်းနှင့် ကမ္ဘာ လှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့ ကိုဖွဲ့စည်း၍လည်း ဆောင်ရွက်လျက် ရှိကြောင်း ဗိုလ်မှူးချုပ်ကျော်ကျော် ထွန်းက ဆက်ပြောသည်။

Yangon Media ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment