Pages

Monday, February 29, 2016

ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစနစ် တရုတ်လုပ်ကိုင်ခွင့်ရခြင်းလုံခြုံရေးအတွက် စိုးရိမ်ရဟု တင်ဒါပြိုင်ကုမ္ပဏီများ ကန့်ကွက်

RangonNewsDaily:: February . 29 .2016
ရန်ကုန်မြို့ လုံခြုံရေးကို စိုးရိမ်ရသဖြင့် ဗဟိုမီးပွိုင့်ထိန်း ချုပ်ရေးစနစ်အတွက် တရုတ်အစိုးရပိုင်ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေး လိုက်ခြင်းအပေါ် ကန့်ကွက် ကြောင်း တင်ဒါဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် ကုမ္ပဏီသုံးခုက ဆို သည်။

ရန်ကုန်မြို့ကို CCTV ကင် မရာ အလုံး ၆၀၀ ကျော်ဖြင့် စောင့်ကြည့်မည်ဖြစ်ပြီး တရုတ်အစိုး ရပိုင်ကုမ္ပဏီက Software ဖြင့် ငါးနှစ်ထိန်းချုပ်မည်ဖြစ်သဖြင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု အထက်ပါကုမ္ပဏီများက ဆိုသည်။

‘‘အများအမြင်မှာတော့ ဒါ ယာဉ်ကြောထိန်းချုပ်ရေးစနစ်ပါ။ နောက်မှာ မြို့တော်တစ်ခုလုံးကို နေရာလပ်မကျန်အောင် စောင့် ကြည့်ခံရမယ်။ အခုလို တခြားနိုင်ငံပိုင် ကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပြုတာ မြို့တော်လုံခြုံရေးက စိုးရိမ်စရာပါ။ ဒါက ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ နည်းပညာသမားတွေပဲ သိတယ်’’ဟု Vanguard နည်းပညာကုမ္ပဏီ ဒါရိုက်တာက ပြောသည်။

အစိုးရအနေဖြင့် နိုင်ငံခြားမှ နည်းပညာဝယ်၍ နိုင်ငံသား ဦးဆောင်သည့်ကုမ္ပဏီ (သို့မဟုတ်)နည်းပညာသာ သီးသန့်လုပ်ကိုင်ပြီး အစိုးရများနှင့် ချိတ်ဆက်မထားသည့် ကုမ္ပဏီမျိုးကို ရွေးချယ်သင့်ကြောင်း ၎င်းက ဆိုသည်။
ယခု ကန့်ကွက်ရာတွင် တိုင် ပေနှင့် ပူးပေါင်းထားသည့် Vang-uard နည်းပညာကုမ္ပဏီ၊ အမေရိ ကန်နည်းပညာဖြင့် ဆောင်ရွက် မည့် KTK ကုမ္ပဏီနှင့် Samsaungနှင့် ပူးပေါင်းထားသည့် Amber Star ကုမ္ပဏီများ ပါဝင်သည်။

တရုတ်ကုမ္ပဏီက အသုံးပြု မည့် Software သည် ငါးနှစ်စလုံး တရုတ်လူမျိုးသာကိုင်တွယ်မည် ဟု ဖော်ပြထားပြီး မည်သည့်ပုံစံနှင့် မည်သည့်ပစ္စည်းပါဝင်အသုံးပြု မည်ကို ဖော်ပြထားခြင်းမရှိ ကြောင်း အမျိုးသားလွှတ်တော်မှ တစ်ဆင့် ရန်ကုန်တိုင်းအစိုးရက ပြန်လည်ဖြေကြားထားသည့် ဖြေ ကြားလွှာကို ကိုးကား၍ Amber Star ကုမ္ပဏီမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါကုမ္ပဏီသုံးခုပေါင်း ၍ တင်ဒါရွေးချယ်ရာတွင် လျှို့ ဝှက်စွာဆောင်ရွက်ခဲ့ပြီး ပွင့်လင်း မြင်သာမှုမရှိ၍ တင်ဒါကို လက် မခံကြောင်း ဖေဖော်ဝါရီ ၂၈ ရက်၌ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်းမရှိသောကြောင့် တင်ဒါကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရ သည့် ကုမ္ပဏီများသည် ဂုဏ်သိက္ခာ၊ အချိန်နှင့် နည်းပညာလည်း ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ဗဟိုမီးပွိုင့်ထိန်းချုပ်ရေး စနစ်သည် ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၀ ကျော်ကို အလိုအလျောက် ထိန်းချုပ်သည့် စနစ်ဖြစ်ပြီး ယာဉ် ကြောကျပ်တည်းမှုလျှော့ချမည် ဖြစ်သည်။ တင်ဒါအောင်မြင်ထား သည့် ကုမ္ပဏီသည် ခြောက်လအ တွင်း လုပ်ငန်းစတင်လုပ်ကိုင်ရ မည်ဖြစ်သည်။
7Day , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment