Pages

Monday, June 18, 2012

i-pay ကတ်စနစ်ကြောင့် ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ် သားများမှာလည်း အကျိုးအမြတ်ကို စနစ်တကျမျှဝေ ခံစားနိုင်တော့မည်


i-pay ကတ်စနစ်ကြောင့်  ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ် သားများမှာလည်း အကျိုးအမြတ်ကို စနစ်တကျမျှဝေ ခံစားနိုင်တော့မည်



ဇွန်(၁၈)ရက်၊၂၀၁၂ခုနှစ်။ 


ငွေသားစနစ်ကို အသုံးပြုနေရာမှ i-pay စနစ်သို့ ပြောင်းလဲလိုက်ခြင်းဖြင့် ၀င်ငွေမှန်အား သိရှိနိုင်သလို  ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ် သားများမှာလည်း အကျိုးအမြတ်ကို စနစ်တကျမျှဝေ ခံစားနိုင်ရန် မျှော်လင့်ရမည်ဖြစ်ကြောင်း မထသ ဗဟိုဥက္ကဌထံက သိရှိရသည်။ 

လက်ရှိတွင် မထသ ယာဉ်လိုင်းအားလုံးတွင် i-pay ကတ်စနစ်တပ်ဆင် အသုံးပြုရန်စီစဉ်နေပြီး ကနဦးအနေဖြင့် မထသ (၁၂၄)ယာဉ်လိုင်းတွင် တပ်ဆင်နိုင်ရန် လိုအပ်သော ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း မထသ ဗဟိုက သိရှိရသည်။ အဓိပတိယာဉ်လိုင်းများမှ အတွေ့
အကြုံများကို အခြေခံ၍ မထသ (၁၂၄) ယာဉ်လိုင်းတွင် စတင်တပ်ဆင်အသုံး ပြုသွားမည်ဖြစ်ပြီး
ကျန်မထသယာဉ်လိုင်းအားလုံးမှာလည်း i-pay စနစ် တပ်ဆင်ရန် ကြိုးစားသွားရမည်ဖြစ်သည်။ “i-pay စနစ်တပ်ဆင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း လမ်းညွှန်ထားတာပါ။ ခရီးသည်တွေ ယာဉ်စီးခပေးရတာ အဆင်ပြေအောင်ရယ်၊ ကားတစ်စီးချင်းစီ
အလိုက်ဖွံ့ဖြိုးတိုးတက်လာဖို့ အထောက်အကူ ပြုနိုင်အောင် စီစဉ်တာပါ။” ဟု မထသ ဗဟိုဥက္ကဌက ပြောသည်။ 



လှော်ကား-အင်းစိန်-ဗိုလ်တထောင်သို့ ပြေးဆွဲနေသော မထသ (၁၂၄) ယာဉ်လိုင်းတွင် i-pay စနစ်တပ်ဆင် အသုံးပြုရန် ယာဉ်နောက်လိုက် အယောက်(၁၀၀)ကျော်အား လိုအပ်သောသင်တန်းများ ပေးလျက်ရှိကြောင်း  i-pay ကတ်စနစ် ၀န်ဆောင်မှုပေးနေသော ကစ္ဆပနဒီကုမ္ပဏီက သိရှိရသည်။“၁၂၄ ယာဉ်လိုင်းမှာတပ်ဆင်ဖို့ သင်တန်းတွေ ပေးနေပါပြီ။ ဒီလကုန်ပိုင်းလောက်မှာ ကားတွေပေါ်တပ်ဆင်နိုင်
 တော့မှာပါ။ အခြား မထသ ယာဉ်လိုင်းတွေမှာ တပ်ဆင်ဖို့ကိုလည်း ကြိုးစားသွားမှာပါ။” ဟု စီမံကိန်းမန်နေဂျာ ကိုအောင်ကျော်က ပြောသည်။ 



i-pay ကတ်အသုံးပြုသောကားများတွင် ငွေလက်ငင်းပေးချေမှုများလည်း ရှိနေသေးပြီး ခရီးသည် ၃၀% ခန့် သာ i-pay ကတ်ပြား အသုံးပြုကြကြောင်း ယာဉ်လုပ်သားများထံမှ သိရှိရသည်။ အဆိုပါ i-pay ကတ်စနစ်သည် တစ်ကြိမ်အသုံးပြုစီးနင်းလျှင် ကြိုတင်ပေး သွင်းထားသော ငွေထဲမှ  ငွေ(၂၀၀)ကျပ် နှုတ်ယူခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် i-pay ကတ်စနစ်အား အဓိပတိအပြာယာဉ်လိုင်း၊ အဓိပတိအနီယာဉ်လိုင်းနှင့် ပန်းဆိုးတန်း-ဒလ ပြေး
ဆွဲသော လူစီးသဘောင်္များတွင် အသုံးပြုလျက်ရှိသည်။


 စည်သူနိုင်(မြစ်မခ)

0 comments:

Post a Comment