Pages

Monday, June 18, 2012

အလုပ်သမားများ ဆန္ဒထုတ်ဖော်ရာတွင် ဥပဒေနှင့်အညီဖြစ်စေရန် (တ.စ.ည)သို့ အကူအညီတောင်းနိုင်


အလုပ်သမားများ ဆန္ဒထုတ်ဖော်ရာတွင် ဥပဒေနှင့်အညီဖြစ်စေရန် (တ.စ.ည)သို့ အကူအညီတောင်းနိုင်


ဇွန်လ(၁၆)ရက်၊ ၂၀၁၂ခုနှစ်။  

အလုပ်သမားများအား ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ခွင့်ရရှိစေရန်အတွက် မြို့နယ်အလုပ်သမားရေးရာလုပ်ငန်း အဖွဲ့များထား ရှိကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တ.စ.ည)က သိရှိရသည်။   

အဆိုပါလုပ်ငန်းအဖွဲ့များအား လှိုင်သာယာ၊ ရွှေပြည်သာ၊ စမ်းချောင်းမြို့နယ်များတွင် ဆောင်ရွက်လျက်ရှိပြီး ပါတီဝင်(၅)ဦးမှ (၁၅)ဦးပါဝင်ကာ၊ ပြီးခဲ့သည့် မေလ(၂)ရက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 


“ကျွန်တော်တို့ အဖွဲ့ဝင်တွေက ရပ်ကွက်တွေဆင်းပြီး အလုပ်သမားတွေ ဆန္ဒပြကြမယ်ဆိုရင် တရားဝင် ဆန္ဒပြ လို့ရအောင် ကူညီ တင်ပြပေးတာပါ။ အခုက အလုပ်သမားတွေက အဖွဲ့အစည်းမဖွဲ့ဘဲနဲ့ ဆန္ဒပြနေကြ တော့ ထိခိုက်နစ်နာတာတွေ ရှိလာတယ်။ ဒီလိုတွေ မဖြစ်ပေါ်အောင် သူတို့ကိုယ်တိုင် တင်ပြပြီး စနစ်တကျ တောင်းဆိုကြမယ်ဆိုရင် ပိုကောင်းတာပေါ့ ” ဟု တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဦးဝင်းမြင့်က ပြောသည်။  


ထိုသို့တရားဝင် အဖွဲ့အစည်းများဖွဲ့စည်းခြင်းဖြင့် အခြေခံအဖွဲ့အစည်းငယ်များမှစ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား အဖွဲ့များ   ဖြစ်ပေါ်လာနိုင်ကြောင်း၊ အလုပ်သမားများအနေဖြင့် အဖွဲ့အစည်းများဖွဲ့ပြီး ကိုယ်တိုင်တင်ပြခြင်းဖြင့်   ပြောဆိုပိုင်ခွင့် များရ လာနိုင်ကြောင်းနှင့် ဖြစ်ပေါ်လာနိုင်သော နစ်နာမှုများအား ဥပဒေနှင့်အညီ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။  



၎င်းအဖွဲ့မှ အလုပ်သမားများ တရားဝင်ဆန္ဒထုတ်ဖော်ခွင့်များ ရရှိစေရန်အတွက် ပုံစံ(၁၊ ၂၊ ၃) ကိုရေးဆွဲကာ မြို့နယ်အလုပ် သမားဖြန်ဖြေရေးအဖွဲ့သို့  တင်ပြရမည်ဖြစ်သည်။ 

အဆိုပါပုံစံ(၁)တွင် အခြေခံအလုပ်သမား (၃၀)၏ အမည်စာရင်း၊ အလုပ်တာဝန်၊ လက်မှတ်များ၊ ပုံစံ (၂)တွင်  မြို့နယ်အလုပ်သမား မှတ်ပုံတင်အရာရှိ၏ လက်မှတ်၊ ပုံစံ(၃)တွင် အလုပ်သမားအဖွဲ့စည်းမျဉ်း တို့ပါရှိသည်။   



 “ဒီလိုအဖွဲ့တွေ ထွက်ပေါ်လာတာကောင်းပါတယ်။ အခုက ဆန္ဒပြပြီး ဘာမှကောင်းကျိုးတွေ ရမလာဘူး။ ထိခိုက်တာတွေပဲ ရှိလာတယ်။ အလုပ်သမားတိုင်း သိသင့်တယ်လို့ ထင်ပါတယ်” ဟု လှိုင်သာယာမြို့နယ်၊ (၁၈) ရပ်ကွက်မှ ကိုစိုးမင်းက ပြောသည်။  

ထို့အပြင် တိုင်းရင်းသားစည်းလုံးရေးညီညွတ်ရေးပါတီအနေဖြင့် တောင်သူလယ်သမားများ မြေယာဆုံးရှုံးမှု ပြသာာနာများအား လာမည့် ဇူလိုင်(၄)ရက်နေ့တွင် ပြန်လည်ကျင်းပမည့် စတုတ္ထလွှတ်တော် ပုံမှန်အစည်းအဝေး တွင် အဆိုများနှင့် မေးခွန်းများအား တင်သွင်းမေးမြန်း   သွားမည်ဖြစ်သည်။

ယမင်း(မြစ်မခ) 

0 comments:

Post a Comment