Pages

Monday, June 18, 2012

တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ကဦးစီးပြီး ၁၀ တန်းကျောင်းသူ ကျောင်းသား တွေ အခမဲ့ ပညာဒါနကျောင်း တစ်ကျောင်း ဖွင့်လှစ်


တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ကဦးစီးပြီး ၁၀ တန်းကျောင်းသူ ကျောင်းသား တွေ အခမဲ့ ပညာဒါနကျောင်း တစ်ကျောင်း ဖွင့်လှစ်



ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်က ၁၀ တန်းကျောင်းသူကျောင်းသား တွေ ဘာသာစုံ အခမဲ့ပညာသင်ကြားနိုင်ဖို့ 
အတွက် ဒီကနေ့ မနက်ပိုင်းက တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ကဦးစီးပြီး တောကြီးတန်းအခမဲ့ ပညာဒါနကျောင်း တစ်ကျောင်း ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

တွံတေးမြို့နယ် ကျွန်းတောရပ်ကွက် ကန်သာယာ ၁၀ လမ်းမှာ ဒီမနက် ၈ နာရီက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီကျောင်းမှာ ပညာသင်ကြားမည့် ၁၀ တန်းကျောင်းသူကျောင်းသား ၂၀၀ ခန့်တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းဖွင့်ပွဲအခမ်းအနားကို ပရိတ်သတ် ၅၀၀ နီးပါးတက်ရောက်ခဲ့ပြီး တွံတေးမြို့နယ်က အထက ၁ နဲ့ ၂ မှာ ပညာသင်ကြားနေကြတဲ့ ၁၀ တန်း ကျောင်းသူကျောင်းသားတွေကို ဘာသာစုံအခမဲ့သင်ကြားပေးသွား မှာဖြစ်တယ်လို့ တွံတေးမြို့နယ် NLD စည်းရုံးရေးအဖွဲ့ဝင်လည်းဖြစ် အခမဲ့ပညာသင်ကျောင်းတာဝန်ခံလည်းဖြစ်တဲ့ ကိုဇော်မင်းထွန်း က အခုလို ပြောပါတယ်။

"ဒေါ်ဆောင်ဆန်းစုကြည်နဲ့ အန်ကယ် ဦးတင်ဦး တို့ကနေပြီးတော့ တွံတေးမြို့နယ် ပညာရေးအတွက်ကို ငွေ လေးသိန်း ချပေးလိုက်တယ်၊ ပညာရေးကွန်ယက်ကနေပြီးတော့၊ ၁၀ တန်း တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုနိုင်ရေးအတွက် ကျူရှင်လခကို ကလေးတစ်ဦးကို တက်မယ်ဆိုလို့ရှိရင် လေးသောင်းခွဲ လေးသောင်း ပေးရတယ်၊ ဒါကြောင့်မို့ မိသားစုဝင်တွေက မတက်နိုင်ဘူး ကျောင်းမထားနိုင်ဘူး၊ ဒါကြောင့်မို့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွံတေးမြို့နယ်ကနေပြီးတော့ ဒီ ပညာဒါန အခမဲ့ကျောင်းကို ဖွင့်လှစ်ပြီးတော့ ကျောင်းသား ၂၀၀ ကျော်လောက်ကို ဒီနေ့မှာ သင်ကြားပေးနိုင်တယ်၊ ဒါကို ဒီနေ့ ကျနော်တို့ အခမ်းအနားဖွင့်ပွဲ လုပ်တာပါ။"

ဒီအခမဲ့ပညာသင်ကျောင်းကို ကျောင်းအုပ်ကြီးအဖြစ် ဆရာ ဦးအေးနိုင်က တာဝန်ယူပြီး ဆရာမ ၂ ဦးနဲ့ ဆရာ ၆ ဦးတို့က ၁၀ တန်းမှာသင်ကြားနေတဲ့ ဘာသာရပ်အားလုံးကို အချိန်ခွဲပြီး နေ့စဉ် တာဝန်ယူသင်ကြားပေးသွားကြ မှာဖြစ်တယ်လို့ ကိုဇော်မင်းထွန်းက ဆက်ပြောပါတယ်။

"ကျောင်းသားတွေ ဦးရေများတဲ့အခါကြတော့ ကျနော်တို့က ခွဲထားတယ် အလှည့်ကျပေါ့နော် ဒီတသုတ်က မနက်ပိုင်းဆိုရင် နောက်တစ်သုတ်က ညနေပိုင်း၊ နောက်တစ်သုတ်က နေ့ခင်းပိုင်း၊ ကျောင်းကတော့ ၇၀ လောက်ပဲ ဆန့်တယ်၊ အဲ့လို အချိန်တွေ ခွဲခွဲပြီးတော့ သင်ပေးတယ်၊ ဆရာတွေကတော့ အလှည့်ကျဝင်ပြီးတော့ သင်ပေးတာပေါ့နော်၊ ဘာသာရပ်တွေကတော့ ဘိုင်အို တို့၊ အီကို တို့၊ သူ့ဘာသာနဲ့သူ ဆရာတွေ ခွဲပြီး သင်ပေးတာပေါ့၊ စနေ တနင်္ဂနွေကြတော့ ကျောင်းသားတွေ အားလုံးက ကျောင်းပိတ်ထားတဲ့အတွက် အလှည့်ကျ ၀င်ပြီးတော့ သင်နိုင်တယ်၊ ကျန်တဲ့ရက်တွေကြတော့ မနက် ၇ နာရီကနေပြီးတော့ ၉ နာရီအထိ သင်ပေးတယ်၊ ၉ နာရီကြတော့ ကျောင်းတွေ တက်တာနဲ့ ဘာနဲ့ဆိုတော့ ကျနော်တို့ နားလိုက်ပြီးတော့ ၂ နာရီကနေပြီးတော့ ၂ နာရီခွဲအထိ ၊ သုံးနာရီကနေပြီးတော့ ၅ နာရီအထိ၊ ၅ နာရီကနေ ည ၉ နာရီအထိ သင်ပေးတယ်။"

ဒီကနေ့ကျောင်းဖွင့်ပွဲကို NLD ပညာရေးကွန်ယက်က ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးလှသိန်း က စာရေးကိရိယာတချို့ လာရောက် လှုဒါန်းပေးခဲ့ပြီး ကျောင်းမှာပညာသင်ကြားပေးနေတဲ့ ဆရာ ဆရာမတွေနဲ့ အတူ ကျောင်းကော်မတီ ၀င်တွေကိုပါတွေ့ဆုံပြီး ကျောင်းရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
RFA (Burmese)

0 comments:

Post a Comment