Pages

Tuesday, September 10, 2013

ကိုယ့်ကိုယ်ကိုသတ်သေရန် ကြံစည်ခဲ့ဖူးကြောင်း Prison Break မင်းသား ၀ါ့သ်ဝေါ့မီလာ ထုတ်ဖော်

Photo: ကိုယ့်ကိုယ်ကိုသတ်သေရန် ကြံစည်ခဲ့ဖူးကြောင်း Prison Break မင်းသား ၀ါ့သ်ဝေါ့မီလာ ထုတ်ဖော်
Tuesday, September 10, 2013

Prison Break မင်းသား ၀ါ့သ်ဝေါ့မီလာက သူ့ရဲ့ငယ်စဉ်ဘ၀မှာ အလွန်ကြမ်းတမ်းခဲ့ပြီး အသက် ၁၅ နှစ် အရွယ်ခန့်ကဆိုလျှင် ကိုယ့်ကိုယ်ကိုသတ်သေရန်ပင် ကြိုးပမ်းခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်လခန့်က မိန်းမလျာဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့တဲ့ မီလာက ၎င်း၏ငယ်ဘ၀မှာ လိင် ပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေကြောင့် စိတ်ဓာတ်ကျကာ သတ်သေရန် ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အခမ်းအနားတစ်ခုမှာ မီလာကသူ့ရဲ့ဘ၀အကြောင်း ပြောဆိုခဲ့ရာမှာ မိဘများမရှိတဲ့တစ်နေ့မှာသူဟာ ဆေးတွေအလွန်အကျွံသုံးစွဲပြီး သေကြောင်းကြံခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။ “ကျွန်တော့်ကိုကျွန်တော် ပထမဆုံးသတ်သေဖို့ ကြိုးစားခဲ့ဖူးတာ အသက် ၁၅ နှစ်တုန်းကပေါ့။ စနေ၊ တနင်္ဂနွေမှာ ကျွန်တော့်အဖေ နဲ့အမေ အပြင်ထွက်တဲ့အထိ ကျွန်တော်စောင့်နေခဲ့ပြီး ကျွန်တော်တစ်ယောက်တည်းရှိနေတယ်ဆိုတာ သေချာတဲ့အခါ ဆေးပုလင်းတစ်လုံးလောက်ကို ကျွန်တော်သောက်လိုက်ပါတယ်။ 

အဲဒီနောက်ရက် တော်တော်များများကြာအောင် ဘာတွေဖြစ်နေသလဲဆိုတာ ကျွန်တော်မမှတ်မိတော့ပါဘူး။ ကျွန်တော် မှတ်မိလာတဲ့အချိန်ရောက်တော့ ကျွန်တော်ကျောင်းကားပေါ်မှာရောက်နေပြီး အရာအားလုံးကလည်း အေးဆေးပါပဲ။ အဲဒီအချိန်မှာ ကျွန်တော့်ကိုတစ်ယောက်ယောက်က ငိုယိုပြီး အကူအညီတောင်းလာခဲ့ရင် တောင် ကျွန်တော်ပေးနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း သူများဆီကမတောင်း ချင်လို့ပါ” လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ သူဟာဘ၀ကို အကောင်းဆုံးပြန်လည် တည်ဆောက်နိုင် ခဲ့ပြီး အောင်မြင်မှုတစ်ခု ရရန် ကြိုးစားခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် သူကသူဟာ မိန်းမလျာတစ်ယောက်ဖြစ်တယ်လို့ ဖွင့်ပြောဖို့ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် တမင်လျှို့ဝှက်ထားခဲ့ပြီး အဲဒီလိုပြောဆိုလိုက်တာဟာ သူ့ရဲ့ အလုပ်ကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ လိမ်ဖို့ရွေးချယ်ခဲ့တာဖြစ်တယ်လို့ မီလာကရှင်းပြခဲ့ပါတယ်။

အောင်သုတ
မဇ္ဈိမ

RangonNewsDaily:: September 10, 2013

Prison Break မင်းသား ၀ါ့သ်ဝေါ့မီလာကသူ့ရဲ့ငယ်စဉ်ဘ၀မှာအလွန်ကြမ်းတမ်းခဲ့ပြီးအသက်၁၅ နှစ်အရွယ်
ခန့်ကဆိုလျှင် ကိုယ့်ကိုယ်ကိုသတ်သေရန်ပင် ကြိုးပမ်းခဲ့ဖူးကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့
တစ်လခန့်က မိန်းမလျာဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့တဲ့ မီလာက ၎င်း၏ငယ်ဘ၀မှာ လိင် ပိုင်းဆိုင်ရာရှုပ်
ထွေးမှုတွေကြောင့် စိတ်ဓာတ်ကျကာ သတ်သေရန် ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အခမ်းအနားတစ်ခုမှာမီလာကသူ့ရဲဘ၀အကြောင်း ပြောဆိုခဲ့ရာမှာမိဘများမရှိတဲ့တစ်နေ့မှာသူဟာ ဆေးတွေ
အလွန်အကျွံသုံးစွဲပြီး သေကြောင်းကြံခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။ “ကျွန်တော့်ကိုကျွန်တော်ပထမဆုံးသတ်
သေဖို့ ကြိုးစားခဲ့ဖူးတာ အသက် ၁၅ နှစ်တုန်းကပေါ့။ 
 
စနေ၊ တနင်္ဂနွေမှာ ကျွန်တော့်အဖေ နဲ့အမေ အပြင်ထွက်တဲ့အထိ ကျွန်တော်စောင့်နေခဲ့ပြီး ကျွန်တော်တစ်
ယောက်တည်းရှိနေတယ်ဆိုတာ သေချာတဲ့အခါ ဆေးပုလင်းတစ်လုံးလောက်ကိုကျွန်တော်သောက်လိုက်
ပါတယ်။

အဲဒီနောက်ရက် တော်တော်များများကြာအောင် ဘာတွေဖြစ်နေသလဲဆိုတာ ကျွန်တော်မမှတ်မိတော့ပါဘူး။ ကျွန်တော် မှတ်မိလာတဲ့အချိန်ရောက်တော့ ကျွန်တော်ကျောင်းကားပေါ်မှာရောက်နေပြီး အရာအားလုံးက
လည်း အေးဆေးပါပဲ။ အဲဒီအချိန်မှာ ကျွန်တော့်ကိုတစ်ယောက်ယောက်က ငိုယိုပြီး အကူအညီတောင်းလာ
ခဲ့ရင် တောင် ကျွန်တော်ပေးနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း သူများဆီကမတောင်း ချင်လို့
ပါ” လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ သူဟာဘ၀ကိုအကောင်းဆုံးပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး အောင်မြင်မှုတစ်ခု ရရန်
ကြိုးစားခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် သူကသူဟာ မိန်းမလျာတစ်ယောက်ဖြစ်တယ်လို့ ဖွင့်ပြောဖို့ အခွင့်
အရေးတွေ အများကြီးရခဲ့ပေမယ့် တမင်လျှို့ဝှက်ထားခဲ့ပြီး အဲဒီလိုပြောဆိုလိုက်တာဟာ သူ့ရဲ့ အလုပ်ကို 
အနှောင့်အယှက်ဖြစ်မှာစိုးလို့ လိမ်ဖို့ရွေးချယ်ခဲ့တာဖြစ်တယ်လို့ မီလာကရှင်းပြခဲ့ပါတယ်။

အောင်သုတ
မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment