Pages

Thursday, December 20, 2012

လူ ၃၀၀ ကို နေအိမ်ဖျက်ဆီးမှုဖြင့် မန္တလေးမြို့ အောင်ပင်လယ် ရဲ စခန်းတွင် တိုင်ကြား

လူ ၃၀၀ ကို နေအိမ်ဖျက်ဆီးမှုဖြင့် အောင်ပင်လယ် ရဲ စခန်းတွင် တိုင်ကြား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မန်းမောင်မောင်
မန္တလေး၊ ဒီဇင်ဘာ ၁၉။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စက်တင်ဘာ ၁၇ ရက်တွင် မန္တလေးမြို့အရှေ့ဘက် ချမ်းမြ သာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အနီး စီမံကိန်းမြေဟု သတ်မှတ်ထားသော မြေလွတ်မြေရိုင်းများပေါ်တွင် ဆောက်လုပ်ထားသော နေအိမ်များကို ဖျက်ဆီးခြင်းနှင့် သယ်ယူသွားခဲ့ခြင်းအပေါ် အမှုဖွင့်အရေးယူပေးပါရန် နေအိမ်ဖျက်ဆီးခြင်း ခံရသော ဦးဝင်းအောင် အပါအ၀င် ၁၃ ဦးက ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲ စခန်းသို့ တိုင်ကြားထားကြောင်း တိုင်ကြားသူဦးဝင်းအောင်က ပြောသည်။

“ဆောက်ထားတဲ့ အိမ်တွေကို မြေထိုးမြေကော်ကားကြီးတွေနဲ့ ဖျက်တယ်ဗျာ၊ ပြီးတော့ ပစ္စည်းတွေ ထိုးကားနဲ့ သယ်သွားကြတယ်၊ ဖျက်တုန်းကတော့ မြေယာဌာနမှူး ဦးတင်ထွဋ်ကျော်က ခင်ဗျားတို့အတွက် အစီအစဉ်တွေ ရှိပါတယ်လို့ ပြောတယ်။ 

ဖျက်ပြီးတဲ့ နောက်ပိုင်းဘာမှလာလုပ်မပေးပါဘူး၊ အခု တိုင်ကြားတာကိုတော့ ရဲစခန်း က လက်ခံပါတယ်၊ စည်ပင်ကို ဖုန်းနဲ့ အကြောင်းကြားပေးမယ်လို့ပြောတယ်၊ ဒါပေမယ့်အမှုတော့ ဖွင့်မပေး သေးဘူး” ဟု ၎င်းက ပြောသည်။

တိုင်ကြားရာတွင် မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီအဖွဲ့မြေနှင့် မြေယာဌာနမှူး ဦးတင်ထွဋ်ကျော်နှင့်လူ ၃၀၀ ခန့်သည် တိုင်ကြားသူ ၀ယ်ယူပိုင်ဆိုင်ထားသည့်မြေကွက်ပေါ်၌ ဆောက်လုပ်ထားသောနေအိမ်များ ဖျက် ဆီးခံပြီး နေအိမ်ရှိ ပစ္စည်းများကို ပိုင်ရှင် ခွင့်ပြုချက်မရှိဘဲ ယူဆောင်သွားခြင်းဖြစ်ကြောင်း တိုင်ကြားသူသည် မြရည်နန္ဒာရပ်ကွက် အနီးရှိ လယ်လုပ်ကိုင်ခြင်း မရှိသည့် မြေလွတ်မြေရိုင်းကို ၀ယ်၍ ဆောက်လုပ် နေထိုင်ခြင်း ဖြစ်ကာ ၁၇-၉-၂၀၁၂က ဦးတင်ထွဋ်ကျော် ဦးဆောင်သော အဖွဲ့ပါ လူ ၃၀၀ ခန့်က သယ်ယူပို့ဆောင်ရေး ယာဉ် ၂၀ စီး၊ အချုပ်ကားတစ်စီး၊ မြေထိုးမြေကော် ဘော်ဒိုဇာသုံစီးဖြင့် လာရောက်ပြီး မိမိအိမ်အပါအ၀င် နေအိမ် ၁၀၀၀ ခန့်ကို ဖျက်ဆီး၍ ပစ္စည်းတချို့ကို ယူဆောင်သွားပါကြောင်း၊ ပစ္စည်းများကို သယ်ယူလိုသော်လည်း ရဲ တပ်ဖွဲ့များနှင့် စည်ပင်အဖွဲ့များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဟန့်တား ပိတ်ဆို့ခဲ့ခြင်းပြုသည့်အတွက် မည် သည့်ပစ္စည်းမှ ပြန်မရခဲ့ပါကြောင်း၊ ထို့အတွက်ကြောင့် နေအိမ်အား ဖျက်ဆီးပြီး ပစ္စည်းများ သယ်ယူသွားသော မြေနှင့်မြေယာဌာနမှူး ဦးတင်ထွဋ်ကျော်ပါ လူ ၃၀၀ ဦးအပေါ် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူပေးပါရန် တိုင် ကြားရခြင်းဖြစ်ကြောင်း တိုင်ကြားချက်တွင် ပါရှိသည်။

စည်ပင်ယာယာအနေဖြင့် အစီအစဉ်များ ပြုလုပ်ပေးခြင်းမရှိဘဲ မြေရောင်း၊ မြေ၀ယ်သမားများကိုသာ အရေးယူ ရန်သာ ဖြစ်ကြောင်း မိမိတို့အနေဖြင့် မြေရောင်းချသူများ မြေပွဲစားများ၊ တစ်ဆင့်ပြန် ရောင်းသူများကို အရေးယူ ရန် အစီအစဉ်မရှိကြောင်း၊ အရောင်းအ၀ယ်ပြုလုပ်နေသည်ကို စည်ပင်သာယာမှ လာရောက် တားမြစ်အရေး ယူခြင်း မရှိသည်ကို အံ့အားသင့်ကြောင်း၊ အခြေတကျနေထိုင်မှ ဖျက်ဆီးခြင်းခံရ၍ တိုင်ကြားရခြင်းဖြစ်ကြောင်း တိုင်ကြားသူများထဲတွင်ပါဝင်သောအိမ်အဖျက်ခံရသူ ကိုသိန်းဝင်းကပြောသည်။

“မဖျက်ခင်ကတည်းက ကျွန်တော်တို့ စည်ပင်ကနေ ဒါဟာ စီမံကိန်းမြေပါ၊ ဒါတွေ တရားမ၀င်လို့ ဖျက်သိမ်းပေး ပါလို့ ကြိုတင်ကြေညာပေးထားတယ်၊ ကိုယ့်အိမ်ကိုယ် ဖျက်စီးယူသွားကြပါလို့ တွေ့ဆုံပွဲတုန်းကလည်း ပြော ထားတယ်၊ ကျွန်တော်တို့ ဖျက်တာ နယ်မြေအညီဖျက်သိမ်းတာပါ”ဟု မြေယာဌာနမှူးအား ဦးတင်ထွဋ်ကျော်က ပြောပါသည်။Venus News Weekly....သစ်ထူးလွင်  photo

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စက်တင်ဘာ ၁၇ ရက်တွင် မန္တလေးမြို့အရှေ့ဘက် ချမ်းမြ 
သာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အနီးစီမံကိန်းမြေဟုသတ်မှတ်ထားသော မြေလွတ်မြေရိုင်းများပေါ်တွင်
ဆာက်လုပ်ထားသော နေအိမ်များကို ဖျက်ဆီးခြင်းနှင့် သယ်ယူသွားခဲ့ခြင်းအပေါ် အမှုဖွင့်အရေးယူပးပါ
ရန် နေအိမ်ဖျက်ဆီးခြင်း ခံရသောဦးဝင်းအောင်အပါအ၀င်၁၃ ဦးက ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်
ရဲ စခန်းသို့ တိုင်ကြားထားကြောင်း တိုင်ကြားသူဦးဝင်းအောင်က ပြောသည်။“ဆောက်ထားတဲ့ အိမ်တွေကို မြေထိုးမြေကော်ကားကြီးတွေနဲ့ ဖျက်တယ်ဗျာ၊ ပြီးတော့ ပစ္စည်းတွေထိုးကား
နဲ့ သယ်သွားကြတယ်၊ဖျက်တုန်းကတော့ မြေယာဌာနမှူးဦးတင်ထွဋ်ကျော်ကခင်ဗျားတို့အတွက်အစီအစဉ်
တွ ရှိပါတယ်လို့ ပြောတယ်။ ဖျက်ပြီးတဲ့ နောက်ပိုင်းဘာမှလာလုပ်မပေးပါဘူး၊အခုတိုင်ကြားတာကိုတော့
ရဲစခန်း က လက်ခံပါတယ်၊စည်ပင်ကိုဖုန်းနဲ့ အကြောင်းကြားပေးမယ်လို့ပြောတယ်၊ဒါပေမယ့်အမှုတော့ ဖွင့်
မပေး သေးဘူး” ဟု ၎င်းက ပြောသည်။
 
တိုင်ကြားရာတွင်မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီအဖွဲ့မြေနှင့် မြေယာဌာနမှူးဦးတင်ထွဋ်ကျော်
နှင့်လူ ၃၀၀ ခန့်သည် တိုင်ကြားသူ ၀ယ်ယူပိုင်ဆိုင်ထားသည့်မြေကွက်ေ ပါ်၌ ဆောက်လုပ်ထားသောနေ
အိမ်များ ဖျက် ဆီးခံပြီး နေအိမ်ရှိ ပစ္စည်းများကို ပိုင်ရှင် ခွင့်ပြုချက်မရှိဘဲ ယူဆောင်သွားခြင်းဖြစ်ကြောင်း 
တိုင်ကြားသူသည် မြရည်နန္ဒာရပ်ကွက် အနီးရှိ လယ်လုပ်ကိုင်ခြင်း မရှိသည့် မြေလွတ်မြေရိုင်းကို ၀ယ်၍
ဆာက်လုပ် နေထိုင်ခြင်း ဖြစ်ကာ ၁၇-၉-၂၀၁၂က ဦးတင်ထွဋ်ကျော် ဦးဆောင်သော အဖွဲ့ပါ လူ ၃၀၀
ခန့်က သယ်ယူပို့ဆောင်ရေး ယာဉ် ၂၀ စီး၊ အချုပ်ကားတစ်စီး၊ မြေထိုးမြေကော် ဘော်ဒိုဇာသုံစီးဖြင့် လာ
ရာက်ပြီး မိမိအိမ်အပါအ၀င် နေအိမ် ၁၀၀၀ ခန့်ကို ဖျက်ဆီး၍ ပစ္စည်းတချို့ကို ယူဆောင်သွားပါကြောင်း၊
ပစ္စည်းများကို သယ်ယူလိုသော်လည်း ရဲ တပ်ဖွဲ့များနှင့် စည်ပင်အဖွဲ့များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက 
ဟန့်တား ပိတ်ဆို့ခဲ့ခြင်းပြုသည့်အတွက် မည် သည့်ပစ္စည်းမှ ပြန်မရခဲ့ပါကြောင်း၊ ထို့အတွက်ကြောင့် နေ
အိမ်အား ဖျက်ဆီးပြီး ပစ္စည်းများ သယ်ယူသွားသော မြေနှင့်မြေယာဌာနမှူး ဦးတင်ထွဋ်ကျော်ပါ လူ ၃၀၀
 ဦးအပေါ် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူပေးပါရန် တိုင် ကြားရခြင်းဖြစ်ကြောင်း တိုင်ကြားချက်တွင် ပါရှိ
သည်။

 
စည်ပင်ယာယာအနေဖြင့် အစီအစဉ်များ ပြုလုပ်ပေးခြင်းမရှိဘဲ မြေရောင်း၊ မြေ၀ယ်သမားများကိုသာ
ရးယူ ရန်သာ ဖြစ်ကြောင်းမိမိတို့အနေဖြင့် မြေရောင်းချသူများ မြေပွဲစားများ၊တစ်ဆင့်ပြန် ရောင်းသူများ
ကို အရေးယူ ရန် အစီအစဉ်မရှိကြောင်း၊ အရောင်းအ၀ယ်ပြုလုပ်နေသည်ကိုစည်ပင်သာယာမှ လာရောက်
တားမြစ်အရေး ယူခြင်း မရှိသည်ကို အံ့အားသင့်ကြောင်း၊ အခြေတကျနေထိုင်မှ ၍ တိုင်ကြားရခြင်းဖြစ်
ကြာငိးမ်အဖျက်ခံရသူ ကိုသိန်းဝင်းကပြောသည်။


“မဖျက်ခင်ကတည်းကကျွန်တော်တို့စည်ပင်ကနေဒါဟာစီမံကိန်းမြေပါ၊ဒါတွေတရားမ၀င်လို့ ဖျက်
သိမ်း
ပးပါလို့ ကြိုတင်ကြေညာပေးထားတယ်၊ကိုယ့်အိမ်ကိုယ်ဖျက်စီးယူသွားကြပါလို့ တွေ့ဆုံပွဲတုန်းကလည်း
 ပြော ထားတယ်၊ ကျွန်တော်တို့ဖျက်တာနယ်မြေအညီဖျက်သိမ်းတာပါ”ဟု မြေယာဌာနမှူးအား ဦးတင်ထွဋ်
 ကျာ်က ပြောပါသည်။
 
Venus News Weekly.

0 comments:

Post a Comment