Pages

Thursday, December 20, 2012

“စမ်းချောင်းရဲစခန်း အချုပ်ခန်းအတွင်း သေကြောင်းကြံစည်မှု ဖြစ်ပွား”

ခိုးမှု၊မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသူမှ အချုပ်ခန်းအတွင်းမိမိကိုယ်ကို သေကြောင်းကြံစည်မှုတစ်ခု ဖြစ်ပွား

ခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။ဒီဇင်ဘာ၁၉ ရက်နေ့ ည(၇)နာရီခန့်ကစမ်းချောင်း

မြို့နယ် အတွင်း ရှိ နေအိမ်တစ်အိမ်တွင် 3K တံဆိပ်ပါ ဘက်ထရီအိုးကြီး တစ်လုံးအား ခိုးယူခဲ့ပြီးသံတံတားရပ်

ကွက် အတွင်းရှိ ရွှေညီကို အမှတ်(၂) ပစ္စည်းအဟောင်း ရောင်းဝယ်ရေးဆိုင်တွင်သွားရောက်ရောင်းချခဲ့သူဟု

မသင်္ကာမှုဖြင့်စမ်းချောင်းမြို့နယ်သံတံတားရပ်ကွက်နေ မောင်ဇော်အားစမ်းချောင်းရဲစခန်းမှ ပ-၄၇၆/၁၂ပုဒ်မ

၃၈၀/၅၄ ဖြင့် အမှုဖွင့် စစ်ဆေးခံခဲ့ရပြီးနောက်----------
စမ်းချောင်း ရဲစခန်းအချုပ်ခန်းအတွင်း ချုပ်နှောင်ထားစဉှ် အချုပ်ခန်း သစ်သားတိုင်နှင့် ဦးခေါင်းအား ဆောင့်

၍ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သဖြင့် ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့၍ရန်ကုန်ဆေးရုံကြီး

သို့ ရဲဆေးစာဖြင့် ပို့ဆောင်ကုသရသောကြောင့် စမ်းချောင်းရဲစခန်းက ပ-၄၇၇/၁၂ ပုဒ်မ ၃၀၉ ဖြင့်ပုဒ်မတစ်ခု

ထပ်ဖွင့်ကာ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

NW

Popular Myanmar News 

0 comments:

Post a Comment