Pages

Thursday, December 20, 2012

ပိတောက်ပင် ရေနံမှော် လက်ယက်တွင်းတိမ် လုပ်ကွက် အသစ်မှ စီးပွားဖြစ် ရေနံစိမ်းများ ထွက်ရှိနေ

Photo: ပိတောက်ပင် ရေနံမှော် လက်ယက်တွင်းတိမ် လုပ်ကွက် အသစ်မှ စီးပွားဖြစ် ရေနံစိမ်းများ ထွက်ရှိနေ
Thursday, 20 December 2012

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ ပိတောက်ပင် ကျေးရွာ အနီးရှိ ပိတောက်ပင် ရေနံမှော် ရေနံ လက်ယက် တွင်းတိမ်များ ရှာဖွေတူးဖော် ထုတ်လုပ် ခွင့်ရ ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် ပိတောက်ပင် ကျေးရွာတောင်ဘက် ES လုပ်ကွက် အသစ် အတွင်းမှ
ရေနံစိမ်းများ စီးပွားဖြစ် ထွက်ရှိနေရာ ရေနံတူး လုပ်ငန်းရှင်များ ဝင်ရောက် တူးဖော်နေကြောင်း သိရသည်။

ရေနံ လက်ယက် တွင်းတိမ်များ ရှာဖွေတူးဖော် ထုတ်လုပ်ခွင့်ရ ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် ၁၁၇၃ ဧကပေါ်ရှိ ပိတောက်ပင် ကျေးရွာ မြောက်ဘက် GSလုပ်ကွက်နှင့် MS လုပ်ကွက်တို့တွင် ရေနံစိမ်းများ စီးပွားဖြစ် တူးဖော် ထွက်ရှိပြီး ဒီဇင်ဘာ ၁၇ ရက်မှစ၍ ES လုပ်ကွက် အသစ်တွင် ခပ်လျှံတွင်း များမှ တစ်ရက် ရေနံစိမ်းပီပါ ၂ဝ မှ ၂၅ ပီပါ အထိ ထွက်ရှိနေ သည်။

'' ES လုပ်ကွက် အတွင်းရှိ မြေရှင်များ ထံမှ ရေနံတွင်း တစ်ပေါက်စာ
ငွေကျပ် ၁ဝ သိန်း၊ နှစ်ပေါက် ငွေကျပ် ၁၈ သိန်းအပြင် တူးဖော် ထုတ်လုပ် ခွင့်ရ ရွှေရာသီ ကုမ္ပဏီမှ ခွင့်ပြုမိန့် (စလစ်) ကြေးငွေ ကျပ်နှစ်သိန်း၊
ရေနံတူးစက် ဝါးတားဂျက် (ကရောင်းစက်) ငှားရမ်းခ ငွေကျပ် သိန်း ၂ဝ မှ ငွေကျပ် ၂၅ သိန်း အထိ ပေးရကြောင်း၊ သတ်မှတ်ပေ ၁ဝဝဝ ကျော် တူးဖော်ရပြီး ကာပိုက်၊ ကလပ်ခုံ၊ အင်ဂျင်စက် အပါအဝင် ရေနံတွင်း တစ်တွင်း ငွေကျပ် ၇၅ သိန်းကျော် ကုန်ကျကြောင်း'' မိုးကုတ်မြို့မှ ရေနံတူး လုပ်ငန်းရှင် တစ်ဦးက ပြောကြားကြောင်း သိရသည်။ 

မြ၀တီ
မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ ပိတောက်ပင် ကျေးရွာ အနီးရှိ ပိတောက်ပင် ရေနံမှော် ရေနံလက်ယက်တွင်းတိမ်များ ရှာဖွေ တူးဖော် ထုတ်လုပ်ခွင့်ရ ရွှေရာသီ ကုမ္ပဏီလုပ်ကွက် ပိတောက် ပင် ကျေးရွာတောင်ဘက် ES လုပ်ကွက် အသစ် အတွင်းမှရေနံစိမ်းများ စီးပွားဖြစ် ထွက်ရှိနေရာ ရေနံတူး လုပ်ငန်းရှင်များ ဝင်ရောက် တူးဖော်နေကြောင်း သိရသည်။ရေနံလက်ယက် တွင်းတိမ်များရှာဖွေတူးဖော် ထုတ်လုပ်ခွင့်ရ ရွှေရာသီ ကုမ္ပဏီလုပ်ကွက် ၁၁၇၃ ဧကပေါ်ရှိ ပိတောက်ပင် ကျေးရွာ မြောက်ဘက် GSလုပ်ကွက်နှင့် MS လုပ်ကွက် တို့တွင် ရေနံစိမ်းများ စီးပွားဖြစ် တူးဖော် ထွက်ရှိပြီး ဒီဇင်ဘာ ၁၇ ရက်မှစ၍ ES လုပ်ကွက် အသစ်တွင် ခပ်လျှံတွင်း များမှ တစ်ရက် ရေနံစိမ်းပီပါ ၂ဝ မှ ၂၅ ပီပါ အထိ ထွက်ရှိနေ သည်။

'' ES လုပ်ကွက် အတွင်းရှိ မြေရှင်များ ထံမှ ရေနံတွင်း တစ်ပေါက်စာငွေကျပ် ၁ဝ သိန်း၊ နှစ်ပေါက် ငွေကျပ် ၁၈ သိန်းအပြင် တူးဖော် ထုတ်လုပ် ခွင့်ရ ရွှေရာသီ ကုမ္ပဏီမှ ခွင့်ပြုမိန့် (စလစ်) ကြေးငွေ ကျပ်နှစ်သိန်း၊ ရေနံတူးစက် ဝါးတားဂျက် (ကရောင်းစက်) ငှားရမ်းခ ငွေကျပ် သိန်း ၂ဝ မှ ငွေကျပ် ၂၅ သိန်း အထိ ပေးရကြောင်း၊ သတ်မှတ်ပေ ၁ဝဝဝ ကျော် တူးဖော်ရပြီး ကာပိုက်၊ ကလပ်ခုံ၊ အင်ဂျင်စက် အပါ အဝင် ရေနံတွင်း တစ်တွင်း ငွေကျပ် ၇၅ သိန်းကျော် ကုန်ကျကြောင်း'' မိုးကုတ်မြို့မှ ရေနံတူး လုပ်ငန်းရှင် တစ်ဦးက ပြောကြားကြောင်း သိရသည်။ 

မြ၀တီ

0 comments:

Post a Comment