Pages

Thursday, December 20, 2012

ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား ဖြစ်လာသည့် ဂျပန်နိုင်ငံမှ အဘိုးအို

Photo: ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား ဖြစ်လာသည့် ဂျပန်နိုင်ငံမှ အဘိုးအို
Wednesday, December 19, 2012

အမေရိကန် နိုင်ငံမှ ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးကြီးသည် ဒီဇင်ဘာ ၁၇ ရက်က ကွယ်လွန် ခဲ့ပြီးနောက် ယခုအခါ ဂျပန်နိုင်ငံမှ ဂျီရိုအီမွန်ကီမူရာ အမည်ရှိ အသက် ၁၁၅ နှစ် အရွယ် အမျိုးသားကြီးသည် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသား ဖြစ်လာခဲ့ ကြောင်း သိရသည်။

မစ္စတာ ကီမူရာသည် ၁၈၉၇ ခုနှစ် ဧပြီ ၁၉ ရက်တွင် မွေးဖွားခဲ့ပြီး ကွယ်လွန် ခဲ့သော ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးထက် ၁၅ ရက်သာ ငယ်ကြောင်း သိရသည်။ ဒီနာမန်ဖရီဒီနီ အမည်ရှိ အဆိုပါ အမျိုးသမီးသည် အမေရိကန်
ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ်၌ သေဆုံး ခဲ့ကြောင်း သိရသည်။

ကီမူရာသည် စာပို့လုလင်ဟောင်း တစ်ဦးဖြစ်ပြီး ၎င်းတွင် မြေး ၁၄ ယောက်၊ မြစ် ၂၅ ယောက် နှင့် တီ ၁၃ ယောက် ရှိပြီး ၎င်း၏သားဖြစ်သူ မိသားစုနှင့်အတူ နေထိုင်ကြောင်း သိရသည်။

မြ၀တီ

အမေရိကန် နိုင်ငံမှ ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးကြီးသည်ဒီဇင်ဘာ၁၇ရက်ကကွယ်လွန် ခဲ့ပြီးနောက်
ယခုအခါ ဂျပန်နိုင်ငံမှ ဂျီရိုအီမွန်ကီမူရာ အမည်ရှိ အသက် ၁၁၅ နှစ် အရွယ် အမျိုးသားကြီး သည် ကမ္ဘာ့
အသက်ကြီးဆုံး အမျိုးသား ဖြစ်လာခဲ့ ကြောင်း သိရသည်။
မစ္စတာကီမူရာသည်၁၈၉၇ ခုနှစ်ဧပြီ၁၉ ရက်တွင်မွေးဖွားခဲ့ပြီးကွယ်လွန်ခဲ့သောကမ္ဘာ့အသက်ကြီးဆုံး
အမျိုးသမီးထက်၁၅ ရက်သာငယ်ကြောင်းသိရသည်။ဒီနာမန်ဖရီဒီနီ အမည်ရှိ အဆိုပါ အမျိုးသမီးသည် အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ်၌ သေဆုံး ခဲ့ကြောင်း သိရသည်။

ကီမူရာသည် စာပို့လုလင်ဟောင်း တစ်ဦးဖြစ်ပြီး ၎င်းတွင် မြေး ၁၄ ယောက်၊ မြစ် ၂၅ ယောက် နှင့် တီ ၁၃ ယောက် ရှိပြီး ၎င်း၏သားဖြစ်သူ မိသားစုနှင့်အတူ နေထိုင်ကြောင်း သိရသည်။

 မြ၀တီ

0 comments:

Post a Comment