Pages

Thursday, December 20, 2012

နုနုရွရွ ဇာတ်ရုပ်မျိုးပြောင်းပြီး လုံးဝ မရိုက်ချင်ဘူး ခွန်းဆင့်နေခြည်


ခုရိုက်ဖြစ် နေတဲ့ ဇာတ်ကား ပုံစံက..
“မ” က Action ဆန်ဆန်နဲ့ ဂမ္ဘီရ ဆန်ဆန် ဝိညာဉ် ဇာတ်မျိုးတွေရိုက်ဖြစ်နေတယ်။ “မ” က ကိုယ်ပိုင် ထုတ်
လုပ်ရေးလည်း ရှိတယ်။ တခြားထုတ်လုပ်ရေးက ကမ်းလှမ်းလို့ ရိုက်ရတာရှိတယ်။ “မ” ရိုက်ရတဲ့ ဇာတ်ကား
တော်တော်များများက အက်ရှင်ဒရာမာနဲ့ ဝိညာဉ်ကားတွေပဲ များတယ်။အဲဒီဇာတ်ရုပ် မဟုတ်ဘဲ နောက်ထပ် ကိုယ့်စိတ်ကြိုက် ရိုက်ချင်တဲ့ ဇာတ်ရုပ်က..
“မ” က ဝိညာဉ်ဇာတ်ရုပ်တွေချည်းပဲ ရိုက်ဖြစ်တာက “မ” နဲ့ နုနုရွရွ ကားလေးတွေက သိပ်မလိုက်ဘူးလို့ ယူဆတယ်။ အဲဒီလို Acting တွေလည်း သိပ်မလုပ်ချင်ဘူး။ “မ” က ကိုယ့်လမ်းကြောင်း ကိုယ်ဖောက်တဲ့ သဘောပေါ့။

“မ” လုပ်တဲ့ ကာရိုက်တာမျိုးကို တခြားမင်းသမီးတွေ ဝင်လုပ်လို့ ရချင်မှလည်း ရမယ်။ တခြားမင်းသမီးတွေ လုပ်နေတဲ့ ဇာတ်ရုပ်မျိုးကိုလည်း “မ” ဝင်လုပ်လို့ ရချင်မှရမယ်။ သူ့လမ်းကြောင်းနဲ့ သူပေါ့။ 

အနုပညာသမားက ဘက်စုံ လုပ်နိုင်ရမယ် ဆိုပေမယ့် သူနဲ့ လိုက်ဖက်မှု ရှိမရှိဆိုတာလည်း ရှိသေးတယ်။
“မ” က ငယ်ငယ်ကတည်းက တိုက်ကွမ်ဒိုကစား၊ မြင်းစီး၊ ရေကူးဆိုတော့ ယောက်ျားလေးဆန်တဲ့ဘက် နည်းနည်းရောက်တယ်။ အဲဒီတော့ Action ကားတွေက “မ” နဲ့ ပိုပြီး အံဝင်ခွင်ကျ ဖြစ်တယ်။ “မ” နဲ့ ပိုအကျိုးပေးတယ် ပြောရမှာပေါ့။

ဈေးကွက် အနေအထားအရ အဆင်ပြေရဲ့လား။
နယ်ဈေးကွက်ကျတော့ Action ကိုပဲ ပိုအသားပေးဝယ်ကြတယ်။ အဓိကက မြန်မာတစ်ပြည်လုံးနဲ့ ခြုံကြ
ည့်
မယ်ဆိုရင် နယ်ဈေးကွက်မှာ အောင်မြင်ရင် အနုပညာသမား တစ်ယောက်က ဆက်လက် ရပ်တည်သွားလို့ ရတယ်။ “မ” ကတော့ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ်သန်တဲ့ လမ်းလျှောက်တဲ့ သဘောပါပဲ။

ဇာတ်လမ်းတွေ မထပ်အောင် ရိုက်တယ်။ “မ” က သဘာဝ ဇာတ်ရုပ်တွေကိုပဲ ဦးစားပေးတဲ့ ဇာတ်ရုပ်တွေပဲ ရိုက်ဖို့ အစီအစဉ် ရှိတယ်။ “မ” ကို တခြားမင်းသမီးတွေလို နုနုရွရွ ဇာတ်ရုပ်မျိုး ပြောင်းရိုက်ချင်လားဆိုရင် လုံးဝ မရိုက်ချင်ဘူး။

သရဲကား ရိုက်မယ်ဆိုရင် ဘယ်လို ကြိုတင်ပြင်ဆင်လဲ။

ဇာတ်လမ်းကို အရင်ဖတ်တယ်။တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုလည်း ဖြစ်ရပ်မှန်ပေါ် သေချာ Mood သွင်း
တယ်။ တချို့ကျတော့ ဖန်တီးထားတဲ့ ဇာတ်တွေရှိတယ်။ ဇာတ်ရုပ်ကို ခံစားမှု သေချာရအောင် ကြိုးစားပြီး ရိုက်တယ်။ သရဲကားတွေ ရိုက်ရင် သိပ်ပြီး အားစိုက်စရာ မလိုဘဲ အလိုလို အံဝင်သွားတယ်။

အဓိကက “မ” ရဲ့ မျက်လုံးက မာတဲ့ဘက်ရှိတော့ သရဲမ Acting နဲ့ လိုက်တယ်လို့ ဒါရိုက်တာ ဦးမျိုးမင်းက ပြောဖူးတယ်။ဘယ်လောက်တောင် လေ့လာထားလဲဆိုရင်သရဲမActing နဲ့ တော်တော် လိုက်ဖက်
တယ်
တဲ့။ “မ” က သရဲကားတွေ အများကြီး ကြည့်တယ်။

နယ်မင်းသမီး၊ မြို့မင်းသမီးခွဲခြားတဲ့အပေါ် “မ” ဘယ်လိုမြင်လဲ။

ဒါက သူတို့ရိုက်တဲ့ ဇာတ်ကားနဲ့ပဲ သက်ဆိုင်တယ်။ သရုပ်ဆောင် တစ်ယောက်က အနှစ်သာရရှိရှိ၊အရည်အ
သွေးမီမီ ကားတွေ ရိုက်ကူးတင်ဆက်မယ် ဆိုရင်တော့ နယ်၊ မြို့ ခွဲခြားလို့ မရပါဘူး။ တကယ်ကို ဇာတ်လမ်း
ကောင်းရင် Fighting ကားလည်း ရန်ကုန်မှာ ကြည့်တဲ့သူတွေ အများကြီးပဲ။

စာလာလာမဖတ်နဲ့ ဗီစီဒီ အခြေအနေကရော...

ရိုက်နေပြီ။ နိုင်ငံခြားဆိုရင် စင်္ကာပူ၊ မလေးရှား၊ ထိုင်းမှာလည်း ရိုက်မယ်။ ၂၀၁၃ Valentine မတိုင်ခင်ထွက်
ဖို့ ပြင်ဆင်ထားတယ်။

စာလာလာမဖတ်နဲ့ထဲမှာ ဘယ်သီချင်းကိုကြိုက်လဲ။
အဲဒီခွေထဲမှာ ကိုယ်ပိုင်သံစဉ်တွေချည်းပဲ ဆိုထားတာ။ Copy က “မ” ရေးထားတဲ့ တစ်ပုဒ်ပဲ ပါတယ်။ “မ” သီချင်း အပုဒ်တိုင်းကို အကောင်းဆုံး ကိုယ့်စိတ်ကြိုက် ဆိုထားတယ်။ပရိသတ်က ဘယ်သီချင်းကို ကြိုက်
လဲ ဆိုတာတော့ မပြောတတ်ဘူး။“မ” ကဘယ်သီချင်းကိုတော့ပရိသတ်ကြိုက်မှာပဲ ဆိုပြီးဆိုခဲ့တာ မဟုတ်
ဘူး။

ပရိသတ်ကို “မ” ပြောချင်တာက..“မ” တတ်နိုင်သမျှ ကိုယ်စွမ်းအား၊ဉာဏ်စွမ်းအား ရှိသမျှပရိသတ်ကို အနု
ပညာတွေ တင်ဆက်သွားမှာပါ။ ကျောက်ဆူး ရုပ်ရှင် ထုတ်လုပ်ရေး ကနေလည်း အကောင်းဆုံး ဇာတ်ကား
တွေ ရိုက်မယ်။တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကယ်ဒမီ ခွန်းဆင့်နေခြည် မဖြစ်ဘူးလို့ မပြောနိုင်ဘူးလေ။ “မ” အဲဒီ ရည်မှန်းချက်လေး ရှိတော့ ကြိုးစားမယ်။ “မ” ကို ပရိသတ်ကြီး အားပေးပါလို့ပဲ ပြောချင်ပါတယ်။

အနုပညာအပြင် နောက်ထပ် ချစ်တာ မရှိတော့ဘူးလား။

“မ” က မိဘနဲ့ အနုပညာကိုအချစ်ဆုံးပဲ။ဒီအသက်အရွယ်ရောက်မှ အချစ်ကို မဖြတ်သန်းဖူးဘူး ပြောရင် အ
လကား ပြောတာ။ ဒါပေမဲ့ ကိုယ့်ဘဝမှာ ဘယ်ဟာက Minor လဲ၊ ဘယ်ဟာက Major လဲ၊ အဓိကနဲ့ သာမ
 “မ” ခွဲတတ်တယ်။ အဲဒီတော့ “မ” ဘဝအတွက် အဓိကကျတာကိုပဲ ရွေးချယ်တယ်။အချစ်က ခုချိန်မှာ နောက်ဆုံး ရောက်သွားတာလား။

ဒါက လူတိုင်းပါပဲ။ ဆယ်ကျော်သက် အရွယ်မှာကျတော့ လူက အတွေ့အကြုံ နုသေးတယ်။ သိပ်ပြီး စဉ်းစား
ဉာဏ် မရှိသေးဘူး။ Do or Die လုပ်ကြတယ်။ မြင်တယ်၊ တွေ့တယ်၊ ချစ်တယ်၊ ကြိုက်တယ်၊ ကွဲတယ်။ ဆယ်ကျော်သက်မှာ အိမ်ထောင်ကျတဲ့ စုံတွဲ တော်တော်များများက မမြဲကြဘူး။ မြဲတဲ့လူ ရှိပေမယ့် နည်း
တယ်။

၂၅ နောက်ပိုင်းကျတော့ ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူး ရွေးချယ်တတ်လာတယ်။ ရွေးချယ်ရင်းနဲ့ အချစ်က နောက်ကို ရောက်သွားခဲ့တယ်။ “မ” လည်း ဘဝမှာ အသည်းမကွဲဖူးသလို၊ သူများကိုလည်း အသည်းမခွဲ
ဖူး
ဘူး။ ဒီနေ့ဒီအချိန်ထိ အချစ်ဆိုတာ ဘာလဲ သေချာကွဲကွဲပြားပြား မသိသေးဘူး။

ဒါအချစ်လားဆိုပြီး ဖြစ်ခဲ့ဖူးပေမယ့် ရူးရူးမူးမူး မခံစားတတ်ဘူး။ “မ” မိသားစုဘဝကို ထူထောင်ဖို့ အစီအစဉ် ရှိတယ်။ “မ” ထူထောင်မယ့်မိသားစုပုံစံက ပြီးပြည့်စုံပြီး အောင်မြင်တဲ့ မိသားစု ဖြစ်ချင်တာကြောင့် သေချာ
စဉ်းစားတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ သူကို အစကတည်းက မရွေးချယ်ဘူး။

 8 DAYS 

0 comments:

Post a Comment