Pages

Friday, August 14, 2015

ပုသိမ်မြို့ပေါ်ရေကြီး ရေလျှံ၊ ဒုက္ခသည်စခန်း ၄ ခု ဖွင့်ထား


RangonNewsDaily:: August . 14 .2015
ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့မှာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကစပြီး င၀န်မြစ်ရေ တဖြည်းဖြည်း တက်ရာကနေ မြို့ပေါ်ရပ်ကွက်တွေအထိ ရေ၀င်တဲ့အတွက် ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပါတယ်။
မြန်မာပြည်အထက်ပိုင်းက ကျလာတဲ့ရေတွေ အခုချိန် ပုသိမ်ဘက်ကို ရောက်ရှိလာသလို မိုးတွေရွာနေတဲ့အတွက် အခုလို ရေကြီးမှု ဖြစ်ပွားတာလို့ မြို့ခံ ဦးသက်လွင်က ပြောပါတယ်။
“ကျနော်တို့ ရပ်ကွက် ၁၊ ၂၊ ၇၊ ၁၄၊ ၁၂၊ နောက်မြို့ပေါ် မြို့တော်ခန်းမရှေ့တို့ ရပ်ကွက် ၄ တို့လည်းမြုပ်တယ်။ တော်တော်များများ မြို့ပေါ် ကျနော်တို့ ၁၅ ရပ်ကွက်မှာ ၈ ရပ်ကွက်လောက်တော့ မြုပ်နေပြီ။ ရေက စပြီးနေ့ကို ၂ လက်မ၊ ၃ လက်မတက်တာ ၃ ရက်လောက်ရှိပြီ။ ရေကလည်း ဆက်တက်နေတုန်းပဲ။ အခု ပြောနေတဲ့အချိန်မှာ မိုးရွာနေတယ်။”
.
မြို့ပေါ်ရေတက်မှုကြောင့် ရပ်ကွက် ၁၊ ၂၊ ၇ နဲ့ ၄ ရပ်ကွက်တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်ထားပြီး လောလောဆယ် လူဦးရေအားဖြင့် ၄၀၀၀ ကျော် လာရောက်ခိုလှုံနေတယ်လို့လည်း ဦးသက်လွင်က ပြောပါတယ်။လောလောဆယ် မိုးများပြီး မြစ်ရေတက်နေမှုကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ ကလေးငယ်တွေနဲ့ လူကြီးတချို့မှာ အအေးမိပြီး ချောင်းဆိုတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။
.
ပုသိမ်မြို့ အပါအ၀င် ဧရာဝတီတိုင်းက သာပေါင်း၊ ဟင်္သာတ၊ ဇလွန်၊ ညောင်တုန်း အစရှိတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံအနှံ့ ပြည်နယ်နဲ့ ၁၁ ခုမှာ ရေဘေးနဲ့ ကြုံတွေ့နေရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပြီး ရေကြီးမှုကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးပြီး ၁ သန်းကျော် ရေဘေးဒုက္ခ ရောက်နေရပါတယ်။
DVB ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment