Pages

Thursday, August 13, 2015

မြေငလျှင်သတင်း /၂ရက်အတွင်း ငလျင်ငယ်တွေ ၄ကြိမ်ရှိပြီ


RangonNewsDaily:: August . 12 .2015
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းတွင်းမြစ်အရှေ့ခြမ်းရှိ ဟုမ္မလင်းတောင်ဖက်ကို (မြန်မာနိုင်ငံအတွင်း) ဗဟိုပြုပြီး အင်အား ၄.၅ရှိတဲ့ မြေငလျင်တစ်ခုဟာ ဒီကနေ့မနက် ၉နာရီ ၁၅မိနစ်မှာ လှုပ်ရှားသွားခဲ့ပါတယ်။
ဒါနဲ့ဆိုရင် ၄၈နာရီအတွင်း မြန်မာနိုင်ငံမှာ အင်အားနည်းမြေငလျင် ၄ကြိမ်တိတိ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ဒီနေ့မနက် ၁နာရီ၃မိနစ်က လက်ပံတန်းနဲ့အုတ်ဖိုကြား အင်အား ၃အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့ပါတယ်။

သြဂုတ် ၁ဝရက်နေ့ ၁၁နာရီခွဲကလည်း ပြည်မြို့အရှေ့တောင် ၇၅မိုင်အကွာမှာ အင်အား ၄.၃အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခဲ့ပြီး နောက်တစ်နေ့ သြဂုတ် ၁၁ရက်နေ့ နေ့လည် ၁၂နာရီ ၆မိနစ်က အင်အာား ၃.၅အဆင့်ရှိ မြေငလျင်တစ်ခု တောင်ငူတဝိုက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
Kamayut Media, KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment