Pages

Thursday, August 13, 2015

“ရွှေတောင်တွင် ရေဘေးအလှူကားတိမ်းမှောက်၍ သုံးဦးသေဆုံး “


RangonNewsDaily:: August . 12 .2015
ရွှေတောင်မြို့နယ်ရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကယ်ဆယ်ရေး အထောက်ပံ့ပစ္စည်းများသွားရောက်လှူဒါန်းသည့် လိုက်ထရပ်ယာဉ်တစ်စီး ယနေ့(သြဂုတ် ၁၂)နံနက် ၉နာရီက ရွှေတောင်မြို့အ၀င် ဒေါင်းဆုံရွာအနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ကျွန်းပင်ဝင်တိုက်ကာ တိမ်းမှောက်သွား၍ အမျိုးသားနှစ်ဦး၊အမျိုးသမီး တစ်ဦးသေဆုံးသွားသည်။
ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၁၁ဦးဒဏ်ရာရပြီး ယာဉ်မောင်းအပါဝင်၎ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ရွှေတောင်ဆေးရုံမှ ပြည်ဆေးရုံသို့ ပို့ဆောင်ထားသည်။

အဆိုပါအလှူကားသည် အင်းမမြို့မှ ရွှေတောင်မြို့၊ကျီးသဲကျေးရွာအုပ်စု ရေဘေးသင့်ဒေသများသို့လာရောက်လှူဒါန်းသည့်ကားဖြစ်ကြောင်း သိရသည်။

“ရေဘေးသင့်သူတွေကို လာလှူတဲ့ကားအရှိန်မထိန်းနိုင်ပဲ လမ်းယာဘက်က ကျွန်းပင်ကို ၀င်တိုက်တာ တစ်ပတ်လည်မှောက်သွားပြီး ခရီးသည်တွေ လွင့်ထွက်ကုန်တယ် “ ဟု ရွှေတောင်မြို့နယ်မှ တာဝန်ကျ ဒုရဲအုပ်တစ်ဦးက ပြောသည်။
7Day , KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment