Pages

Thursday, August 13, 2015

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၉ တွင် ယာဉ်တစ်စီး တိမ်းမှောက်၊ နှစ်ဦးသေ

Wednesday :- 12 : August :- 2015
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၉ တွင် ယနေ့  ညနေ ၄ နာရီခန့်က ယာဉ်တစ်စီး တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။







ရန်ကုန်မှ ထွက်ခွာလာသည့် လင့်ခရူဆာ အမျိုးအစား အိမ်စီးယာဉ်ဖြစ်ပြီး ရှေ့ဘီးပေါက်ရာမှ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။“ညာဖက်တာယာက ပါးနေပြီး ပေါက်သွားချိန်မှာ ကားက လမ်းလယ်ခုံကို ကျော်တက်ပြီး တစ်ဖက် လမ်းမပေါ်မှာ သုံးပတ်လောက်လည်ပြီး တိမ်းမှောက်ခဲ့တာပါ” ဟု ရန်ကုန်-မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ဒဏ်ရာရသူကို တောင်ငူဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း အဆိုပါရုံးမှ စုံစမ်းသိရသည်။
The Voice ::--
KOLATT(PBDN)
RangonNewsDaily









0 comments:

Post a Comment