Pages

Monday, August 10, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများထံ သွားရောက်


RangonNewsDaily:: August . 10 .2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၉ ရက် နံနက်ပိုင်းက နေပြည်တော်မှ မကွေးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများထံ သွားရောက်ရန် ထွက်ခွာခဲ့ကြောင်း သိရသည်။



မွန်းလွဲပိုင်းတွင် ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိခဲ့ပြီး ထိုမှမကွေးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။ ခရီးစဉ်အတွင်း မင်းဘူးမြို့တွင် ညအိပ်မည်ဖြစ်ကာ သြဂုတ် ၁၀ ရက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ဒေသများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ပုံစာ - သြဂုတ် ၉ ရက် မွန်းလွဲပိုင်းက ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။
Eleven Media, 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment