Pages

Monday, August 10, 2015

Central ဟိုတယ်ရှိ အခန်းတစ်ခုတွင် အသက် ၂၀ ကျော် မိန်းကလေးတစ်ဦး သေဆုံး

RangonNewsDaily:: August . 10 .2015
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် အမှတ် (၁၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ Central ဟိုတယ် အခန်းတစ်ခုရှိ ရေချိုးခန်းတွင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးမှာ သြဂုတ်လ ၈ ရက်၊ နံနက် ၂ နာရီ ဝန်းကျင်ခန့်က သေဆုံးခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ်၊ (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါဟိုတယ်၏ စတုတ္ထထပ်ရှိ အခန်းတစ်ခုတွင် အသက် ၅၀ ခန့် အရွယ်ရှိ ထိုင်းနိုင်ငံသားတစ်ဦးနှင့်အတူ တည်းခိုနေသော အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးမှာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ အမျိုးသမီးသည် မင်္ဂလာဈေးဝင်းရှိ ကလပ်တစ်ခုတွင် အဆိုတော်လုပ်ကိုင်သူ ဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ရေချိုးခန်းထဲ ဝင်သွားတာ ၁ နာရီ ကြာတဲ့အထိ ပြန်ထွက်မလာလို့ ဟိုတယ်ဝန်ထမ်းတွေကို အကူအညီတောင်းပြီး တံခါးဖွင့်ကြည့်တော့ ရေချိုးကန်ထဲမှာ သေဆုံးနေတာပါ” ဟု ပန်းဘဲတန်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းမိန်းကလေးမှာ ပြင်ပဒဏ်ရာ မတွေ့ရဘဲ သေဆုံးလျက်ရှိပြီး အသေးစိတ်သိရှိနိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၅ ဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း ပန်းပဲတန်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment