Pages

Monday, August 10, 2015

သရုပ်ဆောင် ပီသအောင် လုပ်နေတဲ့ မေပန်းချီ


RangonNewsDaily:: August . 10 .2015
ပရိသတ် လက်ခံထားတဲ့ သရုပ်ဆောင် မေပန်းချီက ကာရိုက်တာ တစ်မျိုးတည်း သွားရင် သရုပ်ဆောင် မပီသနိုင်ဘူးလို့ သူမရဲ့ ခံယူချက်ကို ပြောခဲ့ပါတယ်။

“ညီမ ဒီအနုပညာ လောကထဲကို စ၀င်လာကတည်းက ညီမကိုယ်ညီမ ကာရိုက်တာ မျိုးစုံကို သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက် ဖြစ်ရမယ်ဆိုပြီး ၀င်လာခဲ့တာပါ။ နောက်တစ်ခုက ပြည်သူချစ်တဲ့ သရုပ်ဆောင် ဆိုတာလည်း ကိုယ့်ကိုပေးတဲ့ ကာရိုက်တာတိုင်းကို သရုပ်ဆောင် နိုင်ရမယ်ဆိုပြီး ခံယူထားပါတယ်။ 

အဲဒီ အတွက်ကြောင့် ညီမကို လာငှားတဲ့အခါ ဘယ်လို ကာရိုက်တာမျိုး ဖြစ်နေဖြစ်နေ ကိုယ့်အနုပညာသာ ကျန်မယ်ဆိုရင် ညီမ သရုပ်ဆောင်ဖို့ လက်ခံဖြစ်ပါတယ်။ ကိုယ့်ကာရိုက်တာက ဗီလိန်ဖြစ်လို့ လူမုန်းရင် ဒါကို အောင်မြင်မှုလို့ ညီမခံယူတယ်။ အဲဒီလိုပဲ သနားစရာကောင်းတဲ့ ကာရိုက်တာဆိုလည်း ကြည့်တဲ့ ပရိသတ် မျက်ရည်ကျမှ အောင်မြင်တယ်လို့ ညီမထင်တယ်။ ဒီအတွက်ကြောင့် အမြဲတမ်း သင်ယူနေရပါတယ်”လို့ ဆိုပါတယ်။ လတ်တလောမှာတော့ ရေဘေးသင့် ပြည်သူများအတွက် အလှူခံ ထွက်နေတဲ့ မေပန်းချီ တစ်ယောက် “ဒေါ်မြခက်နှင့် သမက်သုံးယောက်” ဇာတ်ကားကို ရွှေသမီးတို့နဲ့ အတူ စတင် ရိုက်ကူးနေတယ်လို့ သိရပါတယ်။
Messenger News , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment