Pages

Monday, August 10, 2015

“ဟင်္သာတ၊ညောင်တုန်းနှင့်ဇလွန်တို့တွင် ဧရာဝတီမြစ်ရေဆက်လက်ကျဆင်း”


RangonNewsDaily:: August . 10 .2015
ဟင်္သာတမြို့တွင် ဧရာဝတီမြစ်ရေ ဆက်လက်ကျဆင်းနေပြီး ယနေ့နံနက် ၉ နာရီခွဲတိုင်းတာချက်အရ ၁၄၂၇ စင်တီမီတာသို့ကျဆင်းသွားပြီဖြစ်ပြီးသြဂုတ်လ ၉ ရက်ကထက် ၁၇ စင်တီမီတာ ကျဆင်းသွားသည်။
သြဂုတ်လ ၉ ရက် ညနေ ၆ နာရီခွဲက ၁၄၄၄စင်တမီတာဖြစ်ခဲ့သည်ဟု ဟင်္သာတမိုးလေဝသစခန်းမှ သတင်းရရှိသည်။ဟင်္သာတမြို့၏ စိုးရီမ်ရေမှတ်မှာ ၁၃၄၂ စင်တီမီတာဖြစ်သည်။

ဇလွန်နှင့် ညောင်တုန်းမြို့တို့တွင်လည်း ဧရာဝတီမြစ်ရေ ကျဆင်းနေသည်ဟု သက်ဆိုင်ရာ မြို့နယ် အစိုးရအဖွဲ့မှ သတင်းရှိသည်
။ယနေ့နံနက်တွင် ဟင်္သာတမြို့သို့ သမ္မတဦးသိန်းစိန်လာရောက်မည်ဖြစ်သောကြောင့် တပ်မတော် ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များ လုံခြုံရေးစောင့်နေကြသည်။
(ဓာတ်ပုံ-အောင်သစ်လွင်)
7Day , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment