Pages

Wednesday, August 19, 2015

ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက် ဖောက်ထွင်းခံရတယ်လို့ သတင်းထွက်ပေါ်ပေမယ့် စစ်ဆေးဖို့ မညွှန်ကြားထားဘူးလို့ဆို

RangonNewsDaily:: August . 19 .2015
ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်ရဲ့ Email Server ကို ဖောက်ထွင်းတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့် စစ်ဆေးဖို့ ညွှန်ကြားထားမှု မရှိသေးဘူးလို့ အမျိုးသား ဆိုက်ဘာလုံခြုံရေး ဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ပြောပါတယ်။
“တိုက်ခိုက်ခံလိုက်ရပြီလို့ ကျွန်တော်တို့ဆီ အကြောင်းကြားလာရင်တော့ Website ပြန်အသက်ဝင်လာအောင် နည်းပညာပိုင်းအရ အကြံဉာဏ်ပေးမှာပါ” လို့ သူက ပြောပါတယ်။
New Generation Wave လို့ နာမည်ပေးထားတဲ့ ဟက်ကာအဖွဲ့က ပြည်သူ့လွှတ်တော်ရဲ့ ဒီဂျစ်တယ် အချက်အလက်တွေကို Server တွင်း ဝင်ရောက်ပြီး လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၅၂၉ ဦးတို့ရဲ့ အီးမေးလ်နဲ့ အချက်အလက်တွေကို ဖောက်ထွင်းယူနိုင်ခဲ့တယ်လို့ သတင်းဌာန တချို့မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဌာနဆိုင်ရာ ဝက်ဘ်ဆိုက်တွေဟာ Physical Server နဲ့ နေရာတစ်ခုမှာ သိမ်းဆည်းလေ့ရှိပြီး ဝက်ဘ်ဆိုက်ရဲ့ အချက်အလက် အားလုံးသိမ်းဆည်းရာ (Hosting) နေရာက လုံခြုံရေးအတွက် အဓိကကျကာ ပြည်တွင်းမှာတော့ အင်တာနက်ပေါ်မှာ ထားရှိတာထက် Physical Server နဲ့ ထားရှိတာက ဖောက်ထွင်းဖို့ ပိုလွယ်တယ်လို့ ဌာနဆိုင်ရာ ဝက်ဘ်ဆိုက်တွေ ရေးဆွဲပေးဖူးတဲ့ IT ပညာရှင်တစ်ဦးဖြစ်သူ ဦးဟိန်းထက်သူက ပြောပါတယ်။

“ပြည်တွင်းဝက်ဘ်ဆိုက်တွေ ဆိုတာက အဖြစ်လောက် လုပ်ထားတာ။ ကုမ္ပဏီတွေကလည်း ရေးတော့ ရေးကြတယ်။ နည်းပညာမမြင့်ကြဘူး။ တော်ရုံတန်ရုံ အရည်အချင်းနဲ့တင် ဟက်လို့ရတယ်” လို့ သူက ဆိုပါတယ်။
ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက် www.pyithuhluttaw.gov.mm မှာ ဒီနေ့ နံနက်ပိုင်းက Server ကျနေလို့ ဝင်ရောက်ကြည့်ရှုလို့မရဘဲ မွန်းလွဲ ၃ နာရီကျော်မှ ဝင်ရောက်ကြည့်ရှုလို့ ရခဲ့တယ်လို့ အင်တာနက်အသုံးပြုသူ တချို့က ပြောပါတယ်။
The Voice , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment