Pages

Wednesday, August 19, 2015

တယ်လီနောဖုန်း အချင်းချင်း တစ်မိနစ် ၁၈ ကျပ်နဲ့ ခေါ်ဆိုနိုင်ပြီ

RangonNewsDaily:: August . 19 .2015
တယ်လီနောဖုန်း ဆင်းကတ် အသုံးပြုသူတွေအနေနဲ့ တယ်လီနောဖုန်း အချင်းချင်း တစ်မိနစ် ၁၈ ကျပ်နဲ့ ခေါ်ဆိုနိုင်မယ့် စူပါပွားဆိုတဲ့ အစီအစဉ်တစ်ခုကို သြဂုတ်လ ၂၀ ရက် နံနက် ၉ နာရီမှ စတင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ တယ်လီနောရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စူပါပွားအစီအစဉ်ကို အသုံးပြုတဲ့သူတွေ အနေနဲ့ တခြားဖုန်းတွေကို ခေါ်ဆိုမှုကိုလည်း ၂၅ ကျပ်မှ ၂၃ ကျပ်နဲ့ ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး တယ်လီနောရဲ့ ၁ မီဂါဘိုက်ကို ၆ ကျပ်ပေးရတဲ့ Smart Internet ကို အလိုအလျောက် အကျုံးဝင်သွားမှာ ဖြစ်ပါတယ်။

သုံးစွဲလိုသူတွေ အနေနဲ့ ကုတ်နံပါတ် ၃၆၅ ကို “SUP ON” လို့ စာတိုပေးပို့ပြီးပဲ ဖြစ်ဖြစ်၊ တယ်လီနော Call Center 979 ၊ တခြားဖုန်းတွေနဲ့ ခေါ်ဆိုမယ်ဆိုရင် ဖုန်း ၀၉-၇၉၀၀၉၇၉၀၀ ကိုဖြစ်ဖြစ် ဆက်သွယ် ပြောင်းလဲနိုင်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်အရ သိရပါတယ်။
The Voice , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment