Pages

Sunday, August 16, 2015

ချယ်ရီ FM သုံးလ ရပ်နားရမယ်လို့ဆို


RangonNewsDaily:: August . 16 .2015
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး ချယ်ရီ FM ရေဒီယိုရဲ့ ထုတ်လွှင့်မှုတွေနဲ့ပတ်သက်လို့ အဲဒီရေဒီယိုက တာဝန်ရှိပုဂ္ဂိုလ်နဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေး ခဲ့ရာမှာ ထုတ်လွှင့်မှု ၃လကြာ ယာယီ ရပ်နားထားဖို့ နှစ်ဘက် သဘောတူခဲ့တယ်လို့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။
MRTV နဲ့ ဖက်စပ် လုပ်နေတဲ့ FM ရေဒီယို ဌာနတွေ အနေနဲ့ ရွေးကောက်ပွဲ အကြို ကာလမှာ နိုင်ငံရေးအရ ပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခုကို ဘက်လိုက်ရာ ရောက်တဲ့ ထုတ်လွှင့်မှုမျိုး တွေ မလုပ်ဖို့ညွှန်ကြား ထားခဲ့ကြောင်း၊ ဒါပေမယ့် ချယ်ရီ FM ဘက်က လုံလောက်တဲ့ အာမခံချက် မပေးနိုင်ခဲ့တဲ့အတွက် ၃လယာယီ ရပ်နားထားဖို့ သဘောတူခဲ့ကြောင်းပြောပါတယ်။
နှစ်ဘက် ချုပ်ဆိုထားတဲ့ စာချုပ်ပါ အတိုင်း ပြန်ကြားရေး ဝန်ကြီးဌာနဘက်က ဖျက်သိမ်းခွင့် ရှိပေမယ့် ချယ်ရီ FM ဝန်ထမ်းတွေနဲ့ ချယ်ရီ FM ရေဒီယိုရဲ့ အနာဂတ်ကို ထည့်သွင်း စဉ်းစားခဲ့တဲ့အတွက် အခုလို ၃လ ယာယီရပ်နားဖို့ ပြောခဲ့တာ ဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
.
ဒီကိစ္စကို ချယ်ရီ FMဘက်က တနင်္လာနေ့မှာ တရားဝင် စာတင်ဖို့ လိုကြောင်းနဲ့ သဘောတူ ထားတဲ့အတိုင်း အကောင်အထည် မဖေါ်ဘူး ဆိုရင်တော့ စာချုပ်ပါ သတ်မှတ်ချက် စည်းမျဉ်းတွေ အတိုင်း ဆောင်ရွက် သွားမယ်လို့ ဦးရဲထွဋ်က ဆိုပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာနမှာ သွားရောက်တွေ့ဆုံ ခဲ့တဲ့ ချယ်ရီ FM ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းထွေးဇော် ကတော့ သူတို့ရေဒီယိုကို ရာသက်ပန် အပိတ်ခံမလား သုံးလ အပိတ်ခံမလား ဆိုတာကို ပြန်ကြားရေး ၀န်ကြီးဌာန ဖက်ကရွေးချယ်ခိုင်းခဲ့တာ လို့ဆိုပါတယ်။
မိမိသဘောဆန္ဒအတိုင်း သုံးလရပ်နားတယ်ဆိုတာကို စာတင်ဖို့ ပြောကြောင်းလည်းသူကဆိုပါတယ်။
.
တနင်္လာနေ့မှာ သတ်မှတ်ထားတဲ့အတိုင်း အဲဒီလို စာတင်မှာ မဟုတ်ဘူးလို့ လတ်တလောဆုံးဖြတ် ထားကြောင်းနဲ့ ဘယ်လို ဆက်ပြီးဆောင်ရွက်မယ်ဆိုတဲ့အသေးစိတ်ကို တော့ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့နဲ့ တွေ့ဆုံစည်းဝေး ပြီးဆုံးဖြတ်မှာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
BBC , 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment