Pages

Sunday, August 16, 2015

မိုးကုတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုကျ၊ အမျိုးသမီးတစ်ဦးသေဆုံး


RangonNewsDaily:: August . 16 .2015
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ချမ်းမြေ့သာယာရပ် ကွက်တွင် သြဂုတ် ၁၅ ရက်နံနက် ၅ နာရီက မိုးသည်းထန်စွာရွာသွန်း နေစဉ် မြေပြိုကျမှုဖြစ်ပွားကာ နေ အိမ်တစ်လုံးပါသွားပြီးအမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
မိုးကုတ်မြို့ ချမ်းမြေ့သာ ယာရပ်ကွက်နှင့် ဗမွန်ကျေးရွာ သွား ကားလမ်းညာဘက်တောင် စောင်းရှိ မြေစိုက်သွပ်မိုးနေအိမ် တစ်လုံးသည် မြေပြိုကျမှုထဲပါ သွားပြီး နေအိမ်အတွင်းရှိမိသားစု သုံးဦးအနက် အမျိုးသမီးတစ်ဦး မြေကြီးပုံထဲနစ်မြုပ်နေကာ ရှစ်နာ ရီကျော်အကြာတွင် သေဆုံးနေ သည့် ကိုယ်ခန္ဓာကိုသာ ပြန်လည် တွေ့ရှိခဲ့ကြောင်း မိုးကုတ်နယ်မြေ ရဲတပ်ဖွဲ့စခန်းမှသိရသည်။
.
‘‘သားအဖနှစ်ယောက်က တံစက်မြိတ်မှာရှိတဲ့ မီးဖိုမှာမီးမွှေး နေတုန်း ၀ုန်းဆိုပြီး မြေပြိုတဲ့အ ချိန်မှာ ပြေးလိုက်တယ်နဲ့တူတယ်။ သူတို့သားအဖက လွတ်သွား တယ်။ မိုးကလည်းတော်တော် လေးရွာနေတဲ့အချိန်မှာ မြေပြိုမှု ဖြစ်သွားတယ်။ အိမ်က တစ်အိမ် လုံးပါသွားတယ်’’ဟု အဆိုပါနယ် မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျရဲ အရာရှိတစ်ဦးကပြောသည်။
မိုးကုတ်မြို့တွင် သြဂုတ် ၁၅ ရက် မွန်းလွဲ ၃ နာရီအထိ မိုးရေ ချိန် ၆ ဒသမ ၁၀ လက်မ၊ သြဂုတ် ၁၄ ရက် မိုးရေချိန် ၀ ဒသမ ၀၉ လက်မ၊ သြဂုတ် ၁၃ ရက်တွင် ၂ ဒသမ ၆၄ လက်မတို့ ရွာသွန်းခဲ့ ကြောင်း အထက်မြန်မာပြည် မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
.
‘‘ဇူလိုင် ၂၄ ရက်လောက်က နေစပြီး မိုးတွေတော်တော်များ များရွာတယ်။ နေ့ခင်းမှာတော့ မိုး ဖွဲဖွဲလေးတွေကျပြီး နေထွက်လာ ပေမယ့် ညပိုင်းနဲ့ မနက်ပိုင်းမှာ တော်တော်များများရွာတယ်။ မိုး ရာသီဆိုရင် မြေပြိုမှုဖြစ်လေ့ရှိတဲ့ အတွက် တောင်စောင်းနေရာတွေ မှာ နေတဲ့နေအိမ်တွေ အန္တရာယ် များတယ်’’ဟု မိုးကုတ်မြို့ ဒေသခံ တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂ ရက် နံ နက်ကလည်း မိုးကုတ်မြို့ရှိ အောင်သိဒ္ဓိရပ်ကွက်ရှိ စာသင် ကျောင်းအနီးတွင်မြေပြိုကျမှုကြောင့် တောင်ကုန်းအောက်ရှိ နေအိမ်၌ အိပ်ပျော်နေသည့် (၁၀)နှစ်အ ရွယ် ကလေးငယ်တစ်ဦးအပါအ ၀င် အမျိုးသမီးလေးဦးသေဆုံးခဲ့ ပြီး အမျိုးသားတစ်ဦးနှင့် ကလေး တစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။
မြေပြိုမှုကြောင့် နစ်မြုပ်နေသောအမျိုးသမီးကို ကယ်ဆယ်နေစဉ် (ဓာတ်ပုံ − mogok review)
7Day Daily::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment