Pages

Tuesday, August 18, 2015

ကချင်နှင့် စစ်ကိုင်းတွင် တစ်ကျော့ပြန် မိုးကောင်းနိုင်


RangonNewsDaily:: August . 18 .2015
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် တစ်ကျော့ပြန် မိုးကောင်းလာနိုင်ပြီး ချင်းတွင်းမြစ်ရေတိုးကာ မြေနိမ့်ဒေသများ ရေလွှမ်းမိုးမှုအန္တရာယ်ရှိလာနိုင်သည်ဟု ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်းက မြန်မာနိုင်ငံအ ထက်ပိုင်းဒေသများကို မိုးကောင်းစေ ခဲ့သည့် မုတ်သုံလေဖိအားနည်း ရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နေခြင်းကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းကို သတိပေးထားခြင်းဖြစ်သည်ဟုပြောသည်။

‘‘မုတ်သုံလေဖိအားနည်းရပ် ၀န်းတစ်ခုအထက်ပိုင်းမှာရောက် နေတယ်။ အထက်ပိုင်းမိုးလိုက်နေ တယ်။ ဒါကြောင့်ချင်းတွင်းမြစ်ရေက ခန္တီးမြို့မှာ ပြန်တက်လာတယ်။ ကချင်နဲ့ စစ်ကိုင်းမှာ မနေ့က မိုးကောင်းခဲ့သလို မနက်ဖြန်လည်းကောင်းမယ်။ အထက်ပိုင်းက မြေနိမ့်ပိုင်းတွေ ရေလွှမ်းမိုးမှုသတိပြုသင့်တယ်’’ဟု၎င်းက ပြောသည်။
အထက်ပိုင်းဒေသများမိုး ကောင်းနေကာ မြစ်ဝကျွန်းပေါ် ဒေသများနှင့် မွန်၊ ကရင်တို့တွင် လည်း နေရာကွက်၍မိုးကြီးနိုင် သည်ဟု သတိပေးထားသည်။

မိုးဇလဌာနကလည်း က ချင်နှင့်ရခိုင်ပြည်နယ်တွင် နေရာ ကွက်၍ မိုးကြီးနိုင်သည်ဟုသတိ ပေးထားသည်။
လက်ရှိအချိန်တွင်အထက် ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်း၊မကွေးတိုင်းနှင့် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ရေဘေး ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေရပြီး ဧရာဝတီတွင်လည်း မြို့နယ် ၁၀ခုခန့် ရေနစ်မြုပ်မှုရင်ဆိုင်နေရကာ လူဦးရေ သောင်းချီ၍ ရေဘေးရင်ဆိုင်နေရဆဲဖြစ်သည်။
စစ်ကိုင်းတိုင်း ကလေးမြို့တွင် သြဂုတ်လဆန်းက ရေလွှမ်းမိုးနေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
7Day daily, KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment