၈ မတ် ၂၀၁၃
ဦးပိုင်ကုမ္ပဏီလီမီတက်ကကြေးနီတောင်စီမံကိန်းအတွက်သိမ်းယူထားတဲ့တောင်
၃၃လုံးအနက်လိပ်ခွံ
တောင်နဲ့အင်ကြင်းတောင်ကို လက်ပံတောင်းတောင်
ဒေသခံပြည်သူ တွေဟာပြန်လည်မတ်လ၇ရက်နေ့
ည ၇နာရီမှာ ပြန်လည်သိမ်း ယူခဲ့ပါတယ်။
"လက်ပံတောင်းတောင်ဒေသခံတွေအနေနဲ့ ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်း ပေးဖို့နည်းမျိုးစုံနဲ့
တောင်းဆိုခဲ့တယ်။ဒါပေမယ့်ဘာမှဖြ စ်မလာတဲ့အတွက်ဒီတောင်တွေပျက်စီး ဆုံးရှုံးသွားမှာစိုးလို့ဒေသခံေ တွဟာသူတို့ပိုင်ဆိုင်တဲ့
တောင်တွေကို ပြန်ပြီးသိမ်းယူလိုက်တာပါ။ ကျွန်တော်တို့ လိပ်ခွံ တောင်နဲ့
အင်ကြင်းတောင်မှာသပိတ်စခန်းတွေ ထပ်မံဖွင့်ထားပါတယ်။"
လက်ပံတောင်းတောင်ပြည်သူ့အကျိုးစီးပွားကာကွယ်စောက်ရှောက်ရေးကော် မတီမှာ တာဝန်ခံကိုဟန်ဝင်းအောင်ကပြောကြားခဲ့ပါတယ်။
အခုလိုပုဒ်မ၁၄၄ထုတ်ပြန်ထားတဲ့တောင်နှစ်လုံးမှာသပိတ်စခန်းဖွင့်လှစ်ထားတာနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးမှုးဦးကျော်သောင်းနဲ့လုံထိန်းတပ်ဖွဲ့တွေဟာဒီနေ့မနက်မှာ လာရောက်ဖယ် ရှား ခိုင်းတယ်လို့ လည်း သိရပါ တယ်။ဒေသခံတွေအနေနဲ့သပိတ်စခန်းကိုဆက်လက်ဖွင့်လှစ်ထားပြီးလက်ပံတောင်းများကိုဆက်လက်ကာကွယ်သွား မယ်လို့ဆိုပါတယ်။
ကေခိုင်ကျော်၊
ဒီဗွီဘီ

တောင်းဆိုခဲ့တယ်။ဒါပေမယ့်ဘာမှဖြ
အခုလိုပုဒ်မ၁၄၄ထုတ်ပြန်ထားတဲ့တေ
0 comments:
Post a Comment