Pages

Monday, September 10, 2012

Hacker များနှင့် DDOS တိုက်ခိုက်မှုများအတွက် ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းပြောကြား

 
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းသည် Hacker များနှင့် DDOSတိုက်ခိုက်မှုများအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်ရတနာပုံတယ်လီပို့မှ ၀န်ထမ်းများကို
မှာကြားခဲ့သည်ဟုသိရသည်။ 
ပြည်ထောင်စုဝန်ကြီးသည်သြဂုတ်လနှောင်းပိုင်း၌ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံတယ်လီပို့သို့သွား ရောက်
ကြည့်ရှုစစ်ဆေးခဲ့ပြီးဝန်ထမ်းများကိုဆိုက်ဘာလုံခြုံရေးအတွက်အမြဲသတိရှိနေရန်မှာကြားခဲ့ကြောင်းသိရ
သည်။
 
ပြည်သူများအနေဖြင့်ဝက်ဘ်ပေါ်တယ်ကို များစွာအသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုဝန်ကြီး
ကပြောကြားခဲ့သည့်အပြင်တန်ဖိုးကြီးမားသည့်စက်ပစ္စည်းများဖြစ်သဖြင့် လုံခြုံစိတ်ချရမှုရှိစေရန် ဆောင်ရွက်
ရ မည်ဟုလည်း ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။၂၀၁၂ ခုနှစ်အတွင်း အစိုးရဌာနဆိုင်ရာများသည် အင်တာနက်ဝက်ဘ်ဆိုက်များကို အပြိုင်အဆိုင်လွှင့်တင်လာခဲ့ကြသည်ဟု အင်တာနက်အသုံးပြုသူများ ကပြောဆိုခဲ့သည့်အပြင်ဆိုက်ဘာတိုက်ခိုက်မှုများလည်း၂၀၁၂ခုနှစ်အတွင်း ကာလကြာရှည်စွာဖြစ်ပွားခဲ့
သည်ဟုပြောဆိုခဲ့ကြသည်။ 
 
ဆက်သွယ်ရေး၏အပတ်စဉ်ထုတ်ဂျာနယ်၌၂၀၁၂ခုနှစ်အအတွင်းဆိုက်ဘာတိုက်ခိုက်မှုနှစ် ကြိမ်တိုင်တိုင်ဖြစ်
ပွားခဲ့သည်ဟုဖော်ပြထားပြီးတိုက်ခိုက်မှုအားလုံးသည်အစိုးရပိုင်ဝက်ဘ်ဆိုက်များဖြစ်သည့်gov.mm၀က်ဘ်
ဆိုက်များကိုသာဦးတည်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
 
 အဆိုပါတိုက်ခိုက်မှုများသည် ပြည်တွင်းမှသာဝင်ရောက်လာခဲ့ခြင်းမဟုတ်ဘဲ မလေးရှား၊ အင်ဒိုနီးရှား၊ အမေရိကန်နှင့် အခြားသောနေရာဒေသအသီးသီးမှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
 
 
Internet Journal

0 comments:

Post a Comment