Pages

Monday, September 10, 2012

ကေအိုင်အေ မှ အမျိုးသားများသာမက အမျိုးသမီးငယ်များကိုပါ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေ

 
ကေအိုင်အေသောင်းကြမ်းသူအဖွဲ့မှ အင်အား(၂၀)ဦးခန့်သည် အရပ်ဝတ်ဖြင့် စက်တင်ဘာ(၈)ရက်နေ့ ညသန်းခေါင်အချိန်တွင် မိုးကောင်းမြို့နယ် နောင်ပုံရွာထဲသို့ ၀င်ရောက်လာပြီး အမျိုးသမီးငယ်(၂)ဦး အပါအ၀င် လူငယ်(၆)ဦးအား တနိုင်းဘက်သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ အမျိုးသမီး(၂)ဦးမှာ အသက်(၂၀)နဲ့(၂၅)နှစ် အရွယ်ရှိတဲ့ကချင်တိုင်းရင်း သူ
လေးများ ဖြစ်ကြပါတယ်။ ယခင်က ကေအိုင်အေဟာ အမျိုးသားများကိုသာ လူသစ်စုဆောင်း သော် လည်း
ယခုအခါ အပျိုအရွယ်အမျိုးသမီးများကိုပါအတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းများပြုလုပ်နေကြောင်းသ
တင်းရရှိသည်။
 
ထိုသို့ဖမ်းဆီးလာတဲ့အတွက် ဒေသခံတွေအနေနဲ့ ကလေး၊ ယောက်ျား၊ မိန်းမပါမကျန် အပြင်မထွက်ရဲတော့
ဘဲ ကိုယ့်အိမ်မှာ ကိုယ်နေရတာတောင် ကျီးလန့်စာစားဘ၀ကိုရောက်နေ ရကြောင်း ဒေသခံတစ်ဦးမှ ပြောပြ
ပါတယ်။
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment