Pages

Monday, September 10, 2012

ပြည်သူ့ရဲနဲ့ လူငယ်ပူးပေါင်းပြီး ၁၅ သိန်းဖိုး ပစ္စည်းခိုးယူသူ ဖမ်းဆီးအရေးယူ

ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့က ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ဆိုင်ကယ် နှစ်စီး ၊ ငွေသား တသိန်း၊ မိုဘိုင်းဖုန်း ကာလတန်ဖိုး ကျပ်ငွေ ၁၅ သိန်းတန် ခိုးယူသူ ဟားခါးမြို့ဟောင်းရပ်ကွက်နေ အသက် ၂၅ နှစ်
အရွယ်ရှိသူ Ngun Ling  ဆိုသူအား ပြည်သူ့ရဲနှင့် ရပ်ကွက် လူငယ်များပူးပေါင်းပြီး ဖမ်းဆီးနိုင် ခဲ့သည်ဟု သိ
ရသည်။
တရားခံသည် သြဂုတ်လ ၂၆ ရက်နေ့ညက ဟားခါးပြည်သူ့ဆေးရုံမှ အတွင်းလူနာဖြစ်သူ  Pi Dawt Nu ၏ ကျပ်ငွေ တသိန်းကို ခိုးယူခဲ့ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင် ဖော်ပြပါ ဆိုင်ကယ် နှစ်စီးနှင့် မိုဘိုင်းဖုန်း ကို ခိုးယူခဲ့ကြောင်း ဒေသထုတ် The Hakha Post တွင် ဖော်ပြထားသည်။
 
ဖြစ်စဉ်မှာ တရားခံ ငွန်လင်းသည် သြဂုတ်လ ၂၉ ရက်နေ့ ည မှောင်စပျိုးချိန်တွင် မြို့ဟောင်းရပ်ကွက်နေ Pu Cung Hup အိမ် ပြူတင်းမှန်ကို ခွဲပြီး ဆိုင်ကယ်သော့ကို ယူကာ ဆိုင်ကယ်ကို ခိုးယူပြီး တဆက်တည်း ပြည်သူ့ဆေးရုံကို ပြန်သွားကာ လူနာစောင့်သူ Lian Mang ၏ လက်ဆွဲအိတ်ကို ခိုးယူပြီး အထဲက ဆိုင်ကယ်သော့နဲ့ မိုဘိုင်းဖုန်းကို ပြန်လည်ခိုး ယူခဲ့ သည် ဟု သိရသည်။
 
ငွန်လင်းသည် သူ့အကိုက ဆိုင်ကယ်ကို ယူခိုင်းထားကြောင်း ပြောသဖြင့် ဆေးရုံ တာဝန်ကျနှစ်ဦးက လည်း ဆိုင်ကယ်ကို ၀ိုင်းရှာပေးသေးကြောင်း ထပ်ဆိုသည်။
 
တရားခံကို သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀း၀၀ နာရီခန့်တွင် ဒေသခံပြည်သူ့ရဲများနှင့် လူငယ်များ က ဖမ်းဆီး စစ်ဆေး ရာမှ အမှုမှန်ဖော် ထုတ်နိုင် ခဲ့ခြင်းဖြစ်သည်။
 
တရားခံအား ဥပဒေပုဒ်မ ၃၈၀၊ ၃၇၉၊ ၄၅၆ အသီးသီးဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ တရားလို ဖက်က မကြေအေး နိုင်ပါက ထောင်ဒါဏ် ၁၀ နှစ် ကျခံနိုင်ကြောင်း သိရသည်။
  khonumthung 

0 comments:

Post a Comment