ရန်ကုန်တိုင်း၊
လှိုင်သာယာစက်မှုဇုန်အမှတ် (၄) မှာရှိတဲ့ ကိုးရီးယားနိုင်ငံသား ပိုင် SMK
ခေါ် မူးအန်ဆူး (MYUE & SUE) အထည်ချုပ်စက်ရုံက အခြေခံလုပ်ခလစာ
တိုးမြှင့်ပေးဖို့ ပြီးခဲ့တဲ့သောကြာနေ့က ဆန္ဒပြ
တောင်းဆို ခဲ့တဲ့
အလုပ်သမားတစ်ထောင်ကျော်ထဲက ကိုယ်စားလှယ် (၆)ယောက်ကို ဥပဒေပုဒ်မ (၁၈) ခွင့်
ပြုချက်မယူဘဲ ဆန္ဒပြမှုနဲ့ တရားစွဲဆိုထားတယ် လို့ RFA က စုံစမ်းသိရှိရပါတယ်။အလုပ်သမားကိုယ်စားလှယ် (၆)ဦးကို လှိုင်သာယာရဲစခန်းနဲ့ မရမ်းကုန်း
ရဲစခန်းနှစ်ခုကနေ မနေ့က ညနေ
ပိုင်း မှာ ခေါ်ယူစစ်ဆေးခဲ့တာလို့
အစစ်ဆေးခံရသူတစ်ဦးဖြစ်တဲ့ မအေးအေးမျိုးက RFA ကို ပြောပြပါတယ်။
မူးအန်ဆူး အထည်ချုပ် စက်ရုံက ကိုနိုင်ဝေလင်း၊ ကိုလှမင်းထူး၊ မအေးအေးမျိုး တို့အပါအ၀င် အလုပ်သမား ကိုယ်စားလှယ် (၆) ဦးဟာ လှိုင်သာယာ စက်ရုံရှေ့ကနေ လေးမိုင်လောက်ဝေးတဲ့ မရမ်းကုန်းမြို့နယ်က ရန်
မူးအန်ဆူး အထည်ချုပ် စက်ရုံက ကိုနိုင်ဝေလင်း၊ ကိုလှမင်းထူး၊ မအေးအေးမျိုး တို့အပါအ၀င် အလုပ်သမား ကိုယ်စားလှယ် (၆) ဦးဟာ လှိုင်သာယာ စက်ရုံရှေ့ကနေ လေးမိုင်လောက်ဝေးတဲ့ မရမ်းကုန်းမြို့နယ်က ရန်
ကုန်တိုင်း ဒေသကြီး အလုပ်သမား
ညွှန်ကြားမှု ဦးစီးဌာနရုံးကို အလုပ်သမား (၁၀၀၀)ကျော်နဲ့အတူ လမ်း
လျှောက်
ချီတက်ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့အတွက် အခုလို တရားစွဲထားတာလို့ သိရပါတယ်။
ဆန္ဒပြအလုပ်သမားတွေကို အမှုဖွင့် အရေးယူလိုက်တဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်ကြောင့် အလုပ်ရှင်နဲ့ အ
ဆန္ဒပြအလုပ်သမားတွေကို အမှုဖွင့် အရေးယူလိုက်တဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်ကြောင့် အလုပ်ရှင်နဲ့ အ
လုပ်သမားတွေအကြား ရရှိထားပြီဖြစ်တဲ့ ပြေလည်မှုကို ထိခိုက်စေနိုင်တယ်လို့ အလုပ်သမားအရေး ကူညီ
ဆောင်ရွက်ပေးနေတဲ့ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့မှ မသက်သက်အောင်က ပြောပါတယ်။
မူးအန်ဆူး အထည်ချုပ် စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ပေးဖို့၊ လုပ်ငန်းခွင် ကျွမ်းကျင်
မူးအန်ဆူး အထည်ချုပ် စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ပေးဖို့၊ လုပ်ငန်းခွင် ကျွမ်းကျင်
ကြေးပေးဖို့၊ အလုပ်သမားအချင်းချင်း
ခွဲခြားဆက်ဆံခြင်း မပြုဖို့၊ စက်ရုံတွင်း အခြေခံအလုပ်သမား အဖွဲ့အ
စည်း
ဖွဲ့စည်းခွင့်ပေးဖို့၊ ဆန္ဒပြ အလုပ်သမားတွေကို အလုပ်မဖြုတ်ဖို့ စတဲ့
အချက်(၁၂)ကို ဆန္ဒပြပွဲမှာတောင်း
ဆို ခဲ့ကြပြီး စနေနေ့ညနေပိုင်း အရောက်မှာ
အဲဒီ တောင်းဆိုချက်တွေထဲက အားလုံးနီးပါးကို အလုပ်ရှင်
ဘက်က လိုက်လျောဖို့
သဘောတူညီလိုက်တယ်လို့ သိရပါတယ်။
RFA (Burmese)
0 comments:
Post a Comment