Pages

Monday, September 10, 2012

ဦးဥတ္တမနေ့ အခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ပထမဆုံး တက်ရောက်


မြန်မာ့ လွတ်လပ်ရေး မီးရှူး တန်ဆောင်ဟု ရခိုင် တိုင်းရင်းသားများ တင်စား ခေါ်ဝေါ်ကြသော ဆရာတော် ဦးဥတ္တမ၏ ၇၃ ကြိမ်မြောက် အထိမ်းအမှတ် နေ့ကို စစ်တွေမြို့ ဦးဥတ္တမ ခန်း မ တွင် ယနေ့ ကျင်းပရာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပြည်နယ် ဝန်ကြီးချုပ် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ ဦးဦးလှသိန်း က ပြောကြားသည်။
အစိုးရ အနေဖြင့် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားသို့ နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထဆုံး အကြိမ် တက်ရောက်ခဲ့ခြင်း ဖြစ်သည့်အပြင် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် အခမ်းအနား ပြုလုပ်ခွင့် ပေးခဲ့ခြင်း
လည်း ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား ပါတီ များနှင့် ရခိုင် တိုင်းရင်းသားများက ဆိုသည်။


အဆိုပါ အခမ်းအနားသို့ ရခိုင် တိုင်းရင်းသား ပါတီများ၊ သံဃာတော်များ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရခိုင်
တိုင်းရင်းသား များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက် ဂါရဝ ပြုခဲ့ကြပြီး အနည်းဆုံး စုစုပေါင်း လူ
ဦးရေ သောင်းဂဏန်းရှိနိုင် ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက် အရ သိရှိရသည်။


အဆိုပါ အခမ်းအနားကို ယနေ့ နံနက် ၆ နာရီတွင် စတင်ခဲ့ပြီး အစိုးရ အဖွဲ့ အနေဖြင့် ဆရာတော် ဦးဥတ္တမကို ရည်စူးပြီး သံဃာတော် ၁၄ ပါးကို ဆွမ်းကပ်ခဲ့ကြောင်း အစိုးရ အဖွဲ့ထံမှ သိရှိရသည်
 
 
TheVoiceWeekly

0 comments:

Post a Comment