Pages

Monday, September 10, 2012

နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်သို့ စတင်ဖွင့်လှစ်ခဲ့သည့် သောကြာနေ့မှစ၍ ယနေ့အထိ တင်ပြစာ(၅၀)ကျော် ရောက်ရှိ

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်သို့စတင်ဖွင့်လှစ်ခဲ့သည့်သောကြာနေ့မှစ၍ယနေ့အထိ တင်ပြစာ(၅၀)
ကျော် ရောက်ရှိထားပြီး ဖြစ်ပါသည်။ သမ္မတရုံး Mail Box ဖွင့်လှစ်ရခြင်း အကြောင်းအရင်းအောက်ပါအတိုင်း
ဖြစ်ပါသည်။၁။နိုင်ငံတော်သမ္မတကြီးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေးစသည့်မူဝါဒများနှင့်စပ်လျဉ်း၍ပြည်သူများ၏ထင်မြင်ယူဆချက်များ၊အကြံပြုချက်များ သိရှိနိုင်စေ
ရန်၊


၂။ ပြည်သူများမှ နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြလိုသော အရေးကြီးကိစ္စရပ်များ၊ ပြည်သူများ၏အမှန်
တစ်ကယ်နစ်နာဆုံးရှုံးနေမှုများ စသည်တို့မှာ ရံဖန်ရံခါတွင် ရုံးလုပ်ငန်းအဆင့်ဆင့်အရ ကြန့်ကြာနေသော ကိစ္စရပ်များကို သိရှိဖြေရှင်းပေးနိုင်ရန်၊

၃။ နိုင်ငံတော်အတွက်ဖြစ်စေ၊ နိုင်ငံသားများအတွက်ဖြစ်စေ အထူးပင် အရေးကြီးလှသော National Security
 နှင့် National Interest ကိစ္စရပ်များကို အချိန်မီ သိရှိဖြေရှင်းဆောင်ရွက်နိုင်ရန်

၎။ အဓိကအားဖြင့် ပြည်သူလူထုအနေဖြင့် နိုင်ငံတော်သမ္မတကြီးနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သော လမ်း
ကြောင်းတစ်ခု ပေါ်ပေါက်လာစေခြင်း အားဖြင့်လည်းကောင်း၊ အမှန်တစ်ကယ် ထိခိုက်နစ်နာနေမှုများကို သိ
ရှိကာ ဖြေရှင်းဆောင်ရွကနိုင်ခြင်းအားဖြင့်လည်းကောင်း နိုင်ငံတော် သမ္မတနှင့် ပြည်သူများအကြားယုံကြည်
မှု ပိုမိုတိုးမြင့်လာစေနိုင်ရန်၊

၅။ နိုင်ငံတော်သမ္မတကြီး မျှော်မှန်းဆောင်ရွက်လျက်ရှိသော Clean Government နှင့် Good Governanceဖော်
ဆောင်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ရန်။

၆။ ပြည်သူများအကြားတွင် တွေ့ကြုံနေရသော အခက်အခဲများ၊ ပြည်သူများအကြားတွင် ဖြစ်ပေါ်နေသော စိုးရိမ်ပူပန်မှုများ၊ ပြည်သူများများမှ ဖြစ်ပေါ်လာစေသော လိုလားချက် ဆန္ဒများ စသည်တို့ကို အချိန်နှင့်တစ်
ပြေးညီ သိရှိကာ လိုအပ်သော မူဝါဒ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရန်၊

၇။ အချုပ်ဆိုရလျှင် နိုင်ငံတော်သမ္မတကြီးသည် ပြည်သူလူထုအတွင်း၌ ဖြစ်ပေးနေသော အခြေအနေများ၊
ပြည်သူလူထု၏ ရင်ထဲတွင် ခိုအောင်းနေသော မျှော်လင့်ချက်များကို သိရှိနားလည်သဘောပေါက်ကာ ထိ
ရောက်အောင်မြင်သည့် ပြည်သူ့ရေးရာ မူဝါဒ လေ့လာသုံးသပ်ခြင်းများ ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။

ယခုအခါ ပေးပို့လာသော တိုင်ကြားစာများအား စိစစ်လေ့လာကြည့်သောအခါ များသောအားဖြင့် ပစ်စာ သ
ဘောမျိုး ပေးပို့မှုများက များပြားနေကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်အပိုင်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် နိုင်ငံတော်သမ္မတအဆင့်အထိ အ
ရေးတကြီးတင်ပြရန် ကိစ္စရပ်များ၊ အမှန်တစ်ကယ် ထိခိုက်နစ်နာမှုများ စသည်တို့ကို တင်ပြပေးပါရန်မေတ္တာ
ရပ်ခံအပ်ပါသည်။
 
Hmuuzaw(Facebook)

0 comments:

Post a Comment