Pages

Sunday, September 9, 2012

ကော်ဇော်နီလျှောက်လမ်းတွင် ပြန်လည်တွေ့မြင်ရသည့် ခရစ္စတန် စတီးဝပ်

ကော်ဇော်နီလျှောက်လမ်းတွင် ပြန်လည်တွေ့မြင်ရသည့် ခရစ္စတန် စတီးဝပ်


ရောဘတ်ပက်တင်ဆန်အပေါ် သစ္စာဖောက်ခဲ့သည့် ကိစ္စ လူသိရှင်ကြား ဖြစ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အ
ဖြစ် ခရစ္စတန် စတီးဝပ်သည် ကော်ဇောနီ လျှောက်လမ်းပေါ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
Twilightဇာတ်ဆောင် မင်းသမီးချောသည် Snow White & The Huntsman ဇာတ်ကား ရိုက်ကူးရင်း တွေ့ဆုံခဲ့
သည့် အိမ်ထောင်သည် ဒါရိုက်တာ ရူးပတ် ဆန်းဒါးစ်နှင့် ဇာတ်လမ်းရှုပ်ခဲ့သည့်အတွက် ရောဘတ်၏ စွန့်ခွာ
ခြင်းကို ခံခဲ့ရသည်။

သူမနှင့် ချစ်သူaရာဘတ်တို့၏ဆက်ဆံရေးနှင့် ပတ်သက်ပြီး သတင်းမျိုးစုံ ထွက်ပေါ်နေခဲ့ချိန် သီတင်း(၆)ပတ်
လုံးလုံး ခရစ္စတန်သည် လူမြင်ကွင်းသို့ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း ယခုသီတင်းပတ်တွင်အသက်
(၂၂)နှစ်ရှိ မင်းသမီးသည် ကနေဒါနိုင်ငံ၊ တိုရန်တို ရုပ်ရှင်ပွဲတော်၌ ပြန်လည် ထွက်ပေါ်လာခဲ့သည်။

လှပဆန်းကျယ်သော ဖက်ရှင်ဒီဇိုင်းတွင်ပန်းပွင့်များစီခြယ်ထားသည့် ဝတ်စုံနှင့် လှပနေသော ခရစ္စတန်သည်
On The Road ဇာတ်ကားကို Promotion ပြုလုပ်ပေးရန် ပွဲတက်လာခြင်း ဖြစ်သည်။

သူမသည် အေးအေးလူလူ သက်တောင့်သက်သာ အခြေအနေမျိုး ရှိနေပြီး သူမကို သတင်းထောက်များက ဓာတ်ပုံရိုက်သောအခါ ပြုံးပြုံးရွှင်ရွှင်ပင် လက်ခံခဲ့သည်။ သို့သော်လည်း မျက်မြင်များက ခရစ္စတန်သည် သူမ
ကို သတင်းထောက်များ အာရုံမစိုက်သည့် အချိန်တွင် အတန်ငယ် နွမ်းလျပြီး မရွှင်မပျ ဖြစ်နေကြောင်း ပြော
ကြားခဲ့သည်။

လက်ရှိအချိန်တွင် စိတ်ဝင်စားစရာ အချက်တစ်ခုမှာ နိုဝင်ဘာ (၁၆)ရက်နေ့တွင် The Twilight Saga: Breaking Dawn - Part 2 ဇာတ်ကားအတွက် ခရစ္စတန်နှင့် ရောဘတ်တို့ အတူတွဲ၍ ပွဲတက်ရန် ရှိမရှိ ဆိုသော အချက်
ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

DailyMail,Planet Myanmar Media

0 comments:

Post a Comment