Pages

Friday, February 14, 2014

ရွှေတိဂုံ စေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ဧည့်ဝင်ကြေး မြန်မာကျပ်ငွေဖြင့် ကောက်ခံမည်

Photo: ရွှေတိဂုံ စေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ဧည့်ဝင်ကြေး မြန်မာကျပ်ငွေဖြင့် ကောက်ခံမည်
Friday, February 14, 2014

ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော် ကြည်ညိုကြသူများနှင့် သာသနိက အဆောက်အအုံများကို ကြည့်ရှုလေ့လာကြသော နိုင်ငံခြားသား ဝင်ရောက်မှုမှာ တစ်လထက် တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း သိရသည်။ အဆိုပါ နိုင်ငံခြားသား ဧည့်သည်များအနက် ငါးနှစ်အောက် ကလေးများမှအပ ဧည့်ဝင်ကြေး ကောက်ခံမှုကို ယခင်ကဒေါ်လာ အက်ဖ်အီး စီဖြင့် ကောက်ခံခဲ့ရာ ဧပြီ၁ ရက်မှစတင်ကာ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်က နိုင်ငံခြားသား ဧည့်သည်တစ်ဦးလျှင် ၅ ဒေါ်လာ သို့မဟုတ် အက်ဖ်အီးစီ ၅ ယူနစ်ကို ကောက်ခံခဲ့ပြီး ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ တစ်ဦးလျှင် ၈ ဒေါ်လာ သို့မဟုတ် အက်ဖ်အီးစီ ၈ ယူနစ်ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ကာ ယခုဧပြီတွင် သတ်မှတ် ၈ ဒေါ်လာနှင့် ညီမျှသည့် မြန်မာ ကျပ်ငွေလဲလှယ်မှုနှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ ရွှေတိဂုံစေ တီတော်သို့ လာရောက်သည့် နိုင်ငံခြားသား အများစုမှာ အာရှတိုက်သားများ ဖြစ်ကြသည့် ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ဖြစ်ကြပြီး ထို့အပြင် အမေရိကန်၊ ဂျာမနီနှင့် ပေါ်တူဂီနိုင်ငံများမှလည်း လာရောက်ဖူးမြော် လေ့လာကြကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily: February . 14 .2014
ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော် ကြည်ညိုကြသူများနှင့် သာသနိက အဆောက်အအုံများကို ကြည့်ရှုလေ့လာကြသော နိုင်ငံခြားသား ဝင်ရောက်မှုမှာ တစ်လထက် တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း သိရသည်။ အဆိုပါ နိုင်ငံခြားသား ဧည့်သည်များအနက် ငါးနှစ်အောက် ကလေးများမှအပ ဧည့်ဝင်ကြေး ကောက်ခံမှုကို ယခင်ကဒေါ်လာ အက်ဖ်အီး စီဖြင့် ကောက်ခံခဲ့ရာ ဧပြီ၁ ရက်မှစတင်ကာ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်က နိုင်ငံခြားသား ဧည့်သည်တစ်ဦးလျှင် ၅ ဒေါ်လာ သို့မဟုတ် အက်ဖ်အီးစီ ၅ ယူနစ်ကို ကောက်ခံခဲ့ပြီး ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ တစ်ဦးလျှင် ၈ ဒေါ်လာ သို့မဟုတ် အက်ဖ်အီးစီ ၈ ယူနစ်ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ကာ ယခုဧပြီတွင် သတ်မှတ် ၈ ဒေါ်လာနှင့် ညီမျှသည့် မြန်မာ ကျပ်ငွေလဲလှယ်မှုနှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ 

ရွှေတိဂုံစေ တီတော်သို့ လာရောက်သည့် နိုင်ငံခြားသား အများစုမှာ အာရှတိုက်သားများ ဖြစ်ကြသည့် ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ဖြစ်ကြပြီး ထို့အပြင် အမေရိကန်၊ ဂျာမနီနှင့် ပေါ်တူဂီနိုင်ငံများမှလည်း လာရောက်ဖူးမြော် လေ့လာကြကြောင်း သိရသည်။

မြ၀တီ , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment