Pages

Friday, February 14, 2014

အမေရိကန်သမ္မတ ဘာရက်အိုဘားမားဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားမည်

Photo: အိုဘားမား ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားမည်

ဖေဖေါ်ဝါရီ ၁၄ ရက် ၂၀၁၄

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေးတိုးမြှင့်နိုင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားသည်။

ဖိလစ်ပိုင်သမ္မတ ဆက်သွယ်ရေးဆိုင်ရာရုံးအတွင်း ရေးမှူး ဟာမီနီရို ကိုလိုမာက ဖိလစ်ပိုင်သမ္မတ ဘီနင်နို အကွီနို(၃)သည် အိုဘားမားနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံကြား စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား သည်။ အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့် ကာလ ကြာရှည်ဆက်ဆံလာခဲ့သည့် မဟာမိတ်နိုင်ငံဖြစ်သည်။

သမ္မတအိုဘားမားသည် ဧပြီလနှောင်းပိုင်းတွင် ဖိလစ်ပိုင်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် မလေးရှားနိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် အိမ်ဖြူတော်က အတည်ပြုထုတ်ပြန်ကြေ ညာသည်။

အမေရိကန်နိုင်ငံက အဆိုပါခရီးစဉ်သည် အာရှ- ပစိဖိတ်နိုင်ငံများနှင့် အမေရိကန်နိုင်ငံကြား သံတမန် ဆက်ဆံရေး၊ စီးပွားရေးနှင့် လုံခြုံးရေးဆိုင်ရာ သဘောတူ ချက်များတိုးမြှင့်ရေးအတွက် ကြိုးပမ်းသော ခရီးစဉ်တစ်ခု ဖြစ်သည်ဟုဆိုသည်။

အိုဘားမားသည် အဆိုပါခရီးကို အောက်တိုဘာလ ကတည်းက သွားရောက်ရန်စီစဉ်ခဲ့သော်လည်း အမေရိကန် နိုင်ငံတွင် ၁၆ ရက်ကြာဖြစ်ပွားခဲ့သည် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသွားမှုပြဿနာကြောင့် ပျက်ပြယ်သွားခဲ့ရသည်။

ဆင်ဟွာ။

RangonNewsDaily: February . 14 .2014
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေးတိုးမြှင့်နိုင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားသည်။ဖိလစ်ပိုင်သမ္မတ ဆက်သွယ်ရေးဆိုင်ရာရုံးအတွင်း ရေးမှူး ဟာမီနီရို ကိုလိုမာက ဖိလစ်ပိုင်သမ္မတ ဘီနင်နို အကွီနို(၃)သည် အိုဘားမားနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံကြား စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား သည်။ အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့် ကာလ ကြာရှည်ဆက်ဆံလာခဲ့သည့် မဟာမိတ်နိုင်ငံဖြစ်သည်။

သမ္မတအိုဘားမားသည် ဧပြီလနှောင်းပိုင်းတွင် ဖိလစ်ပိုင်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် မလေးရှားနိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် အိမ်ဖြူတော်က အတည်ပြုထုတ်ပြန်ကြေ ညာသည်။

အမေရိကန်နိုင်ငံက အဆိုပါခရီးစဉ်သည် အာရှ- ပစိဖိတ်နိုင်ငံများနှင့် အမေရိကန်နိုင်ငံကြား သံတမန် ဆက်ဆံရေး၊ စီးပွားရေးနှင့် လုံခြုံးရေးဆိုင်ရာ သဘောတူ ချက်များတိုးမြှင့်ရေးအတွက် ကြိုးပမ်းသော ခရီးစဉ်တစ်ခု ဖြစ်သည်ဟုဆိုသည်။

အိုဘားမားသည် အဆိုပါခရီးကို အောက်တိုဘာလ ကတည်းက သွားရောက်ရန်စီစဉ်ခဲ့သော်လည်း အမေရိကန် နိုင်ငံတွင် ၁၆ ရက်ကြာဖြစ်ပွားခဲ့သည် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသွားမှုပြဿနာကြောင့် ပျက်ပြယ်သွားခဲ့ရသည်။

ဆင်ဟွာ , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment