Pages

Friday, February 14, 2014

ကျူးကျော်တိုက်ခိုက်လာပါက အဆုံးအဖြတ်ပေးမည့်စစ်ပွဲကို ဆင်နွှဲသွားမည်ဟု အီရန်ပြော

RangonNewsDaily: February . 14 .2014
အီရန်ကို ကျူးကျော်တိုက်ခိုက်လာပါက အဆုံးအဖြတ်ပေးမည့်စစ်ပွဲကို ဆင်နွှဲသွားမည်ဟု အီရန် လက် နက်ကိုင်တပ်ရင်းများ၏ ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဟပ်ဆန်ဖီရိုဇာဘာဒီက သတိပေးလိုက်ကြောင်း ဖေဖော် ၀ါရီ ၁၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။အမေရိကန်၊ အစ္စရေး ဇီယွန်ဝါဒီများနှင့် အဆုံးအဖြတ်ပေးမည့်တိုက်ပွဲများ ဆင်နွှဲရန် အသင့်ရှိသည်ဟု ဗိုလ်ချုပ်ကြီး ဖီရိုဇာဘာဒီက ပြောကြားခဲ့သည်။ အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း ၎င်းတို့၏နိုင်ငံကို အသုံးချခွင့်ပြုပြီးအီရန်ကို မတိုက်ခိုက်ရန်လည်း ၎င်းက သတိပေးခဲ့သည်။
ဒေသတွင်းနိုင်ငံများအပေါ် အီရန်က ရန်ငြိုးရန်စမရှိသော်လည်း ဒေသတွင်း နိုင်ငံတစ်ခုခုကိုအခြေပြုပြီး အမေရိကန်က တိုက်ခိုက်လာပါက ထိုနိုင်ငံကိုပါ ပြန်လည် တိုက်ခိုက်သွားမည်ဟု သူက ဆိုသည်။

ထိုဒေသတွင်းရှိ နိုင်ငံများ ဖြစ်ကြသော ဘာရိန်း၊ ကူဝိတ်ယူအေအီး၊ ဆော်ဒီအာရေးဗီးယားနှင့် တူရကီ နိုင်ငံများတွင် အမေရိကန် စစ်အခြေစိုက်စခန်း အများအပြားရှိသည်။ အီရန်နှင့် သံတမန်နည်းလမ်းဖြင့် အောင်မြင်မှုမရပါက စစ်ရေးနည်းလမ်းအပါအ၀င် လုပ်သင့်သည်ကိုလုပ်နိုင်ရန် အမေရိကန် ပြည်ထောင်စု က ပြင်ဆင်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယခင်လကုန်ပိုင်းက ပြောကြား ထားသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း အမေရိကန်က စစ်တပ်များ စေလွှတ်ခဲ့သော်လည်း လက်တွေ့တွင် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ဟု ဗိုလ်ချုပ်ကြီးဟပ်ဆန်ကပြောသည်။

အမေရိကန် စစ်ရေးခြိမ်းခြောက်မှုများ သည် နိုင်ငံရေးအရ လှည့်ဖြားခြင်းထက် မပိုပါကြောင်းလည်း ပြော ကြားခဲ့သည်။ထို့ အပြင် အီရန်သမ်္မတဟဒ်ဆန် ရူဘာနီကလည်း အနောက်အုပ်စုအနေဖြင့် စစ်ရေး အရ အရေးယူဆောင်ရွက်ရန် စိတ်ကူးမယဉ်သင့်ကြောင်းလည်း ပြောကြားခဲ့သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment