Pages

Thursday, October 2, 2014

နိုင်ငံခြားဘဏ် ၉ ခုကို လိုင်စင် ချပေးလိုက်ပြီ

RangonNewsDaily:: October . 1 .2014
နိုင်ငံခြားဘဏ် ၉ ခုကို မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ရန် ဗဟိုဘဏ်က လိုင်စင်ချပေး
လိုက်ပြီဟုအောက်တိုဘာ ၁ ရက်တွင် ကြေငြာလိုက်သည်။
လုပ်ပိုင်ခွင့် ရရှိသည့် ဘဏ်များမှာ သြစတြေးလျနယူးဇီလန်ဘဏ်အုပ်စု (ANZ)၊ ဘန်ကောက်ဘဏ်၊ တိုကျို-မီဆူဘီရှိ
ဘဏ် (BTMU)၊ တရုတ်စက်မှုနှင့်ကုန် သွယ်ရေးဘဏ် (ICBC)၊ May Bank၊ Muzuho Bank၊ တရုတ်ပြည်ပဘဏ် ကော်ပိုရေးရှင်း (OCBC)၊ ဆူမီတိုမို မစ်ဆူအိဘဏ်ကော်ပိုရေးရှင်း၊ United Oversea Bank (UOB)တို့ဖြစ်သည်။
::
ဇူလိုင်လ ၁၄ ရက်က နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ပိုင်ခွင့် လျှောက်ထားခဲ့သည့် ဘဏ်များထဲမှ နိုင်ငံခြားဘဏ် ၁၀ ခုကို လုပ်ခွင့်ပေးမည်ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်
က ဇွန်လက ပြောထားခဲ့ပြီး ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့၌ နိုင်ငံခြားဘဏ် ၄၂ ခု၏ ရုံးခွဲများကို ဖွင့်လှစ်ထားသည်။

Mizzima :;--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment