Pages

Wednesday, October 1, 2014

Microsoft ၏ OS စနစ်သစ် Windows 10 ကို မိတ်ဆက်


RangonNewsDaily:: October . 1 .2014
Microsoft ကော်ပိုရေးရှင်းသည် ၎င်းတို့၏ ကွန်ပျူတာ OS အသစ်ဖြစ်သည့် Windows 10 နှင့် ပတ်သက်ပြီး အချက်အလက်များ ပထမဆုံးအကြိမ် သတင်းထုတ်ပြန် ကြေညာခဲ့သည်။
Microsoft ၏ နောက်ဆုံးထုတ် OS မှာ Windows 8 ဖြစ်သော်လည်း အံ့ဩဖွယ်ရာအဖြစ် အမည်ကို နံပါတ်တစ်ခုကျော် သတ်မှတ်ကာ Windows 10 ကို မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ OS သည် တစ်ကိုယ်ရည်သုံး PC ကွန်ပျူတာများအပြင် Microsoft က ထုတ်လုပ်ရောင်းချသည့် Xbox ဂိမ်းစက်များ၊ စမတ်ဖုန်းများတွင်ပါ အသုံးပြုနိုင်မည်ဟု ဆိုသည်။ OS နှင့် ကိုက်ညီမည့် Applicationများကို စတိုးတစ်ခုတည်းတွင် ရောင်းချသွားမည်ဟုလည်း သိရသည်။
::
Windows 8 စနစ်တွင် ပယ်ဖျက်ခဲ့သဖြင့် ဝေဖန်မှုများ ကြုံခဲ့ရသည့် Start Menu ခလုတ်သည်လည်း Windows 10 တွင် တစ်ကျော့ပြန် ပါဝင်လာသည်။ Windows 8 တွင် PC နှင့် Tablet များ၌ Touch စနစ်ဖြင့် ထိတွေ့ သုံးစွဲနိုင်သည့် Feature များကိုလည်း Windows 10 ၌ ပြန်လည် ထည့်သွင်းပေးထားကြောင်း Microsoft က ဆိုသည်။

Windows 7 နှင့် Windows 8 သုံးစွဲဖူးသူများအတွက် Windows 10 မှ Software များသည် ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်နေစေမည်ဟုလည်း သိရသည်။
::
Windows 8 ကို ထုတ်လုပ်ရောင်းချစဉ်က ယခင် Windows မျိုးဆက်ဟောင်းများနှင့် အလွန်အကျွံ ခြားနားသွားခြင်းကြောင့် ဝေဖန်မှုများ ခံခဲ့ရသည်။ အထူးသဖြင့် Start Menu ခလုတ်ကို ဖယ်ရှားလိုက်ခြင်းအပေါ် Windows သုံးစွဲသူ အများစုက မနှစ်မြို့ခဲ့ကြချေ။

Microsoft သည် Windows 8 က အသုံးပြုသူများကို ဆွဲဆောင်နိုင်မှု မရှိခဲ့သည့် အားနည်းချက်ကို Windows 10 ဖြင့် ပြန်လည်ပြင်ဆင်ရန်လည်း မျှော်လင့်ထားသည်။
::
PC ကွန်ပျူတာများတွင် Windows 8 နှင့် 8.1တို့အနက် တစ်ခုခုကို အသုံးပြုနေသူ (၁၃.၄)ရာ
ခိုင်နှုန်းသာ ရှိကြောင်း သုတေသန ဌာနတစ်ခုဖြစ်သည့် NetMarketShare က ဆိုသည်။
::
ထိုအချိန်တွင် Windows စနစ် အဟောင်းများဖြစ်သည့် Windows 7 ကို အသုံးပြုနေမှု (၅၁.၂)ရာခိုင်နှုန်းနှင့် Windows XP ကို အသုံးပြုနေမှု (၂၃.၉)ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။

Ref: BBC ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment