Pages

Thursday, October 2, 2014

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၃၂/၆-၇)ကြားတွင် ယာဉ်မောင်းအိပ်ငိုက်သဖြင့် ယာဉ်တိမ်းမှောက်


RangonNewsDaily:: October . 1 .2014
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊အုတ်တွင်းမြို့
နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၃၂/၆-၇)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ဗောဓိကုန်းအမြန်လမ်းရဲစခန်း
မှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ် တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ
သွားရောက်စစ်ဆေးခဲ့သည်။ 
စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ၀င်းမော်
ဦး(၄၇)နှစ် မောင်းနှင်လာသည့် 9D/xxxx ပါဂျဲရိုးခဲရောင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းပေါ် ကျော်
တက်ကာ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
::
ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်မှာ ရှေ့ဘန်ဘာ၊ အမိုး၊ ယာဘက်တံခါး
ပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ၀င်းမော်ဦးအား ဗောဓိကုန်း
အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment