Pages

Thursday, October 2, 2014

ရက်သတ္တပတ် တစ်ပတ်လျှင် မိုဘိုင်းဖုန်း အသုံးပြုသူ ငါးသိန်းအထိ ရှိလာစေရန် Ooredoo Myanmar ဆောင်ရွက်မည်


RangonNewsDaily:: October . 1 .2014
Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီသည် ၎င်းတို့ရောင်းချသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ရက်သတ္တပတ် တစ်ပတ်လျှင် လူဦးရေငါးသိန်း ဝန်းကျင်အထိ အသုံးပြုနိုင်ရန် ဈေးကွက်မြှင့်တင်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Ooredoo ဆင်းကတ်များသည် ပြည်တွင်းဈေးကွက်၌ စတင်ရောင်းချပြီး ရက်သတ္တပတ် သုံးပတ်အကြာတွင် သုံးစွဲသူပေါင်း တစ်သန်းဝန်းကျင် ရှိခဲ့ကြောင်း အဆိုပါ ကာတာဆက်သွယ်ရေး ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါဆက်သွယ်ရေး ကုမ္ပဏီသည် ယခုနှစ် ဒီဇင်ဘာလအတွင်း၌ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုကို သုံးစွဲသူပေါင်း ၂၃.၄ သန်းအထိရှိလာရန် လုပ်ဆောင်သွားမည်ဟု ကတိပေးပြောကြားထားခြင်း ရှိသည်။
::
ထို့ကြောင့် ကာတာဆက်သွယ်ရေး ကုမ္ပဏီသည် အခြားသောပြိုင်ဘက် အော်ပရေတာများနှင့်အပြိုင် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို ရောင်းချနိုင်ရန်အတွက် ၎င်းတို့၏ဝန်ဆောင်ခ နှုန်းထားအချို့ကို နှစ်လအတွင်းလျှော့ချ သတ်မှတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြင့် သုံးစွဲသူအရေအတွက် များပြားလာစေရန် ဈေးကွက်မြှင့်တင်မှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်း လုပ်ငန်းရှင် အချို့က သုံးသပ်ပြောကြားသည်။

ကာတာဆက်သွယ်ရေး ကုမ္ပဏီသည် အခြားဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် MPT ဆင်းမ်ကတ်များ ဈေးကွက်အတွင်း စတင်ရောင်းချနေချိန်နှင့် Telenor Myanmar ၏ဝန်ဆောင်မှုများ စတင်ရန် ရက်ပိုင်းအလို၌ ၎င်းတို့၏ ဝန်ဆောင်ခနှုန်းထားများကို မူလသတ်မှတ် နှုန်းထားများထက် ထပ်မံလျှော့ချမှုများကို ပြုလုပ်လာခြင်းဖြစ်သည်။
::
ပြည်တွင်းဆက်သွယ်ရေး ဈေးကွက်အတွင်း၌ Telenor Myan-mar, MPT, YTP တို့ထက် အစောဆုံးရောင်းချမှုများ ပြုလုပ်နိုင်ခဲ့သည့် Ooredoo Myanmar အနေဖြင့် ၎င်းတို့၏ ဆက်သွယ်ရေး ဝန်ဆောင်ခနှုန်းထားများကို ဆက်လက်ပြောင်းလဲ မှုများပြုလုပ်နိုင်ဖွယ်ရှိကြောင်း အထက်ပါ မိုဘိုင်းဖုန်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

“လောလောဆယ်တော့ Ooredoo ဆင်းမ်ကတ်တွေက လူသုံးအများဆုံးပဲ။ အခုဆို Telenor က သူ့ထက်ပိုပြီး ဈေးသက်သာမှာဆိုတော့ ကာတာကုမ္ပဏီအနေနဲ့ ဈေးကွက်မြှင့်တင်တာတွေကို ဒီထက် လုပ်လာနိုင်တယ်" ဟု ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်း အရောင်းဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။
::
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်သည် ၂၀၁၄ သြဂုတ်လ ၂ ရက်မှစတင်၍ ယခုလက်ရှိ အချိန်အထိ သုံးစွဲသူပေါင်း ၁၇ သိန်းကျော် ရှိနေပြီဖြစ်ကြောင်း Ooredoo Myanmar နှင့် MPT တို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Internet Journal::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment