Pages

Tuesday, May 5, 2015

နီပေါငလျင်ကြောင့် သေဆုံးသူ အရေအတွက် (၆၂၀၀)ကျော်ထိ မြင့်တက်လာ


RangonNewsDaily::- 2 : May :- 2015
နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက် သည် (၆၂၀၀)ကျော်ထိ ရှိလာကြောင်း သိရသည်။
နီပေါ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဌာနက မေ(၁)ရက်ထိ ရရှိ ထား သည့် အသေအပျောက် စာရင်းကို ကြေညာရာ (၆၂၀၄)ဦးထိ ရှိလာပြီ ဖြစ် သည်။ ဧပြီ ၂၅ ရက်က လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး (၇.၈) အဆင့်ရှိ ငလျင်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူဦးရေ (၁၃၉၃၂)ဦး ရှိခဲ့ကြောင်းလည်း အဆိုပါ ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နီပေါငလျင်၏ ဂယက်ကြောင့် အိန္ဒိယနှင့် တရုတ်တို့တွင်လည်း စုစုပေါင်း လူ(၁၀၀)ဝန်းကျင် သေဆုံးခဲ့သည်။ ကုလသမဂ္ဂက နီပေါနိုင်ငံ၏ အခြေခံ အဆောက် အအုံများ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ (၂)ဘီလီယံ မျှထိ လိုအပ်နိုင်ကြောင်း သုံးသပ်ထားသည်။
::
လတ်တလောတွင် နီပေါနိုင်ငံ အစွန်အဖျား ဒေသများသို့ ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်ရန် အခက်အခဲများစွာ ရှိနေဆဲဖြစ်ပြီး ဒေသခံများ အနေဖြင့် မည်သည့် အကူအညီ အထောက်အပံ့မှ မရဘဲ ရုန်းကန်နေရသည်။
::
နီပေါ ကြက်ခြေနီအဖွဲ့က ငလျင်ကြောင့် နယ်စွန်နယ်ဖျား ဒေသများတွင် မည်သည့် အတိုင်းအတာထိ ထိခိုက်ပျက်စီးခဲ့သည်ကို အဖြေ မထုတ်ရ သေးဘဲ အဆိုးဆုံး အခြေအနေများကို ကြုံကောင်းကြုံလာနိုင်ကြောင်း သတိပေးထားသည်။

Ref: CNA, 7Day DAILY , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment