Pages

Tuesday, May 5, 2015

မီးလောင်မှုကြောင့် ဒဂုံမြောက်ပိုင်းရှိ အိမ်လေးလုံးဆုံးရှုံး

Photo :: မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ − ဇွဲဉာဏ်)
RangonNewsDaily::- 2 : May :- 2015
ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် (၃၁)ရပ်ကွက် ဇေယျာဒီပ လမ်းရှိ အိမ် တစ်အိမ်တွင် ဘုရား စင်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား ခဲ့ရာ အိမ်လေးလုံး မီးလောင်ဆုံး ရှုံးခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၁ ရက် ညနေ ၆ နာရီ ခန့်တွင် မီးစတင်လောင်ခဲ့ခြင်းဖြစ် ပြီး တစ်နာရီခန့် ငြှိမ်းသတ်ခဲ့ရ ကြောင်း ယင်းအိမ်အနီးတွင် နေ ထိုင်သူ တစ်ဦးကပြောသည်။
‘‘ဘုရားစင်က စလောင် တယ်ဆိုတာပဲသိရသေးတယ်။ ၀ိုင်ယာရှော့ခ်လား၊ ဖယောင်းတိုင် မီးက စလောင်တာလားဆိုတာ တော့ စစ်ဆေးနေတုန်းပါပဲ’’ဟု (၃၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုတင့်လွင်ကပြောသည်။
-
ယင်းမီးလောင်မှုကြောင့် ထိ ခိုက်ဒဏ်ရာရရှိသူ မရှိသော် လည်း (၃၁)ရပ်ကွက် သခင်ဗစိန် လမ်းရှိ ဆောက်လက်စ ခြောက် ထပ်တိုက်ပေါ်မှ အမျိုးသားတစ် ဦး မီးလောင်မှုကို ကြည့်ရှုရင်း ပြုတ်ကျခဲ့သောကြောင့် ဆေးရုံ သို့ ပို့ပေးခဲ့ရကြောင်း ယင်းရပ် ကွက်တွင်နေထိုင်သူအချို့က ပြောသည်။
‘‘အဲဒီသတင်းကိုကြားတော့ ကြားတယ်။ ကောင်လေးက မူး နေတယ်လို့ ပြောတယ်။ အောက် က သဲပုံပေါ်ကိုကျလို့ သက်သာ တာ။ နာရေးကူညီမှု အသင်းက ကားနဲ့ လာခေါ်သွားတယ်လို့ ကြားတယ်’’ဟု ကိုတင့်လွင်က ပြောသည်။
-
အဆိုပါကန်ထရိုက်တိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ တာဝန်ရှိသူများက ‘‘ပြုတ်ကျတာ မဟုတ်ဘူး။ လဲနေလို့ အရေးပေါ် ကားပေါ် တင်ပေးလိုက်တာ’’ဟု ဆိုသည်။


7Day ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment