Pages

Tuesday, December 25, 2012

မည်သည့် နိုင်ငံမှ Visa ကတ် ကိုင်ဆောင်သူမဆို ကမ္ဘောဇဘဏ်၏ အလိုအလျောက် ငွေထုတ်စက်များတွင် မြန်မာကျပ်ငွေ ထုတ်ယူနိုင်ပြီ

မည်သည့် နိုင်ငံမှ Visa ကတ် ကိုင်ဆောင်သူမဆို ကမ္ဘောဇဘဏ်၏ အလိုအလျောက် ငွေထုတ်စက်များတွင် မြန်မာကျပ်ငွေ ထုတ်ယူနိုင်ပြီ

မည်သည့်နိုင်ငံမှ Visa ကတ် ကိုင်ဆောင်သူမဆို မြန်မာနိုင်ငံရှိ ကမ္ဘောဇ ဘဏ် အေတီအမ်စက် ရှိသည့်နေရာ တိုင်းတွင် ဒီဇင်ဘာ ၂၁ ရက်မှ စတင် ကာ မြန်မာကျပ်ငွေ ထုတ်ယူနိုင်ပြီဖြစ် ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်၏ အလိုအလျောက် ငွေထုတ်စက် အေတီအမ်စက် ရှိသည့် နေရာတိုင်းတွင် Visa ကတ်များဖြင့် မြန်မာကျပ်ငွေ ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း သရုပ်ပြ ရှင်းလင်းပွဲကို ဒီဇင်ဘာ ၂၁ ရက် ညပိုင်းက ရန်ကုန်မြို့ ကျွန်းတောလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ၌ ကျင်းပသည်။ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ခရီးသည်များ၊ ရင်းနှီးမြှုပ်နှံမည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ဧည့်သည်များအတွက် ယင်းသို့ ဝန်ဆောင်မှု ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''ဘယ်နိုင်ငံက Visa ကတ်ပဲဖြစ်စေ Visa ကတ် ကိုင်တဲ့သူမှန်သမျှ မြန်မာနိုင်ငံက ကမ္ဘောဇဘဏ်ရဲ့ အေတီအမ်စက်ရှိတဲ့ နေရာတိုင်းမှာ ငွေထုတ်လို့ရပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေ Visa ကတ်နဲ့ မြန်မာကျပ်ငွေ သုံးစွဲနိုင်အောင် ဝန်ဆောင်မှု ပေးခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိ အေတီအမ်စက်ပေါင်း ၃၇ လုံးရှိပါ တယ်။ မကြာခင် အလုံး ၅ဝ အထိထပ် ချဲ့သွားပါမယ်။ ၂ဝ၁၃ ခုနှစ်မှာ အလုံး ၁ဝဝ အထိ ချဲ့သွားဖို့ရှိပါတယ်။ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ၊ အာဆီယံ အစည်းအဝေးပွဲ တွေနဲ့ နိုင်ငံတကာ ဧည့်သည်တွေ လာရောက်တဲ့အခါ အဆင် ပြေပြေနှင့် Visa ကတ်နဲ့ မြန်မာကျပ်ငွေ ထုတ်ယူ သုံးစွဲနိုင်အောင် ကမ္ဘောဇဘဏ်က ချိတ်ဆက် ဝန်ဆောင်မှု ပေးတာပဲဖြစ် ပါတယ်''ဟု ကမ္ဘောဇဘဏ်မှ အကြီးတန်း အထွေထွေ မန်နေဂျာက ရှင်းပြ သည်။

အဆိုပါ Visa ကတ်ဖြင့် ငွေထုတ်ယူ ပါက တစ်ကြိမ် ထုတ်ယူလျှင် မြန်မာငွေကျပ် သုံးသိန်းအထိ ထုတ်ယူနိုင်ပြီး တစ်ရက်လျှင် ငွေကျပ် ၁ဝ သိန်းအထိ ထုတ်ယူနိုင်ကြောင်း၊ တစ်ကြိမ်ဝန်ဆောင် မှုအနေဖြင့် မြန်မာငွေကျပ် ငါးထောင် နှုန်းဖြစ်ကြောင်း သိရသည်။

''တစ်ရက်ကို ငွေကျပ် ၁ဝ သိန်း ထုတ်ယူနိုင်ပါတယ်။ ဒေါ်လာနဲ့တွက် ကြည့်ရင် သူတို့ဆီမှာတောင် တစ်ရက် ကို အဲဒီလောက် ပမာဏ ထုတ်ယူခွင့်ပြု ထားတာမရှိပါဘူး။ ငွေကျပ် ၁ဝ သိန်း ဆိုတော့ ဒေါ်လာ ၁၂ဝဝ ဝန်းကျင် လောက်ပေါ့။ ဝန်ဆောင်ခကိုလည်း သင့်လျော်အောင် ဆောင်ရွက်ပေးထား ပါတယ်'' ဟု အဆိုပါ တာဝန်ရှိသူက ရှင်း ပြသည်။
လက်ရှိတွင် ကမ္ဘောဇဘဏ်ဖြင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း ပုဂ္ဂလိကဘဏ် နှစ်ခုနှင့်လည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိကာ ကျန်ပုဂ္ဂလိက ဘဏ်များနှင့်လည်း Visa ကတ်မှ ဆက်လက် ဆောင်ရွက် သွားနိုင်ရန် ကြိုးစား လျက်ရှိသည်။ Visa ကတ်သည် နိုင်ငံ ပေါင်း (၂ဝဝ) ကျော်တွင် သုံးစွဲနေသော ကတ်တစ်ခု ဖြစ်ပြီး ကတ် ကိုင်ဆောင်သူ ပေါင်း ၁ ဒသမ ၈ ဘီလီယံရှိကာ ကမ္ဘာ့ဈေးကွက် အကြီးဆုံး ကွန်ရက်တစ်ခု ဖြစ်ပြီး ဘဏ်ပေါင်း ၁၆ဝဝဝ ကျော်နှင့် ချိတ် ဆက်ထားကြောင်း သိရသည်။


အေးချမ်းမွန်မှမြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

မည်သည့်နိုင်ငံမှ Visa ကတ် ကိုင်ဆောင်သူမဆို မြန်မာနိုင်ငံရှိ ကမ္ဘောဇ ဘဏ် အေတီအမ်စက် ရှိသည့်နေ
ရာ တိုင်းတွင် ဒီဇင်ဘာ ၂၁ ရက်မှ စတင် ကာ မြန်မာကျပ်ငွေ ထုတ်ယူနိုင်ပြီဖြစ် ကြောင်း သိရသည်။ ကမ္ဘောဇဘဏ်၏ အလိုအလျောက် ငွေထုတ်စက် အေတီအမ်စက် ရှိသည့် နေရာတိုင်းတွင် Visa ကတ်များ
ဖင့် မြန်မာကျပ်ငွေ ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း သရုပ်ပြ ရှင်းလင်းပွဲကို ဒီဇင်ဘာ၂၁ ရက်ညပိုင်းက ရန်ကုန်မြို
့ ကျွန်းတောလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ၌ကျင်းပသည်။ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ကြသော နိုင်ငံခြား
သား ခရီးသည်များ၊ ရင်းနှီးမြှုပ်နှံမည့် စီးပွားရေး လုပ်ငန်းရှင်များနှင့်ဧည့်သည်များအတွက်ယင်းသို့ဝန်ဆောင်
မှု ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''ဘယ်နိုင်ငံက Visa ကတ်ပဲဖြစ်စေ Visa ကတ် ကိုင်တဲ့သူမှန်သမျှ မြန်မာနိုင်ငံက ကမ္ဘောဇဘဏ်ရဲ့ အေတီ
အမ်စက်ရှိတဲ့ နေရာတိုင်းမှာ ငွေထုတ်လို့ရပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေVisaကတ်နဲ့ မြန်မာကျပ်ငွေ
သုံးစွဲနိုင်အောင် ဝန်ဆောင်မှု ပေးခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိ အေတီအမ်စက်ပေါင်း ၃၇ လုံးရှိပါ တယ်။ 
 
မကြာခင် အလုံး ၅ဝ အထိထပ် ချဲ့သွားပါမယ်။ ၂ဝ၁၃ ခုနှစ်မှာ အလုံး ၁ဝဝ အထိ ချဲ့သွားဖို့ရှိပါတယ်။ အရှေ့
တာင် အာရှ အားကစားပြိုင်ပွဲ၊ အာဆီယံ အစည်းအဝေးပွဲ တွေနဲ့ နိုင်ငံတကာ ဧည့်သည်တွေ လာရောက်
တဲ့အခါ အဆင် ပြေပြေနှင့် Visa ကတ်နဲ့ မြန်မာကျပ်ငွေ ထုတ်ယူ သုံးစွဲနိုင်အောင် ကမ္ဘောဇဘဏ်က ချိတ်
ဆက် ဝန်ဆောင်မှု ပေးတာပဲဖြစ် ပါတယ်''ဟု ကမ္ဘောဇဘဏ်မှ အကြီးတန်း အထွေထွေ မန်နေဂျာက ရှင်းပြ သည်။

အဆိုပါ Visa ကတ်ဖြင့် ငွေထုတ်ယူ ပါက တစ်ကြိမ် ထုတ်ယူလျှင် မြန်မာငွေကျပ် သုံးသိန်းအထိ ထုတ်ယူနိုင်
ပြီး တစ်ရက်လျှင် ငွေကျပ် ၁ဝ သိန်းအထိ ထုတ်ယူနိုင်ကြောင်း၊ တစ်ကြိမ်ဝန်ဆောင် မှုအနေဖြင့် မြန်မာငွေ
ကျပ် ငါးထောင် နှုန်းဖြစ်ကြောင်း သိရသည်။

''တစ်ရက်ကို ငွေကျပ် ၁ဝ သိန်း ထုတ်ယူနိုင်ပါတယ်။ ဒေါ်လာနဲ့တွက် ကြည့်ရင် သူတို့ဆီမှာတောင် တစ်ရက် ကို အဲဒီလောက် ပမာဏ ထုတ်ယူခွင့်ပြု ထားတာမရှိပါဘူး။ ငွေကျပ် ၁ဝ သိန်း ဆိုတော့ ဒေါ်လာ ၁၂ဝဝ ဝန်း
ကျင် လောက်ပေါ့။ ဝန်ဆောင်ခကိုလည်း သင့်လျော်အောင် ဆောင်ရွက်ပေးထား ပါတယ်'' ဟု အဆိုပါ တာ
ဝန်ရှိသူက ရှင်း ပြသည်။

လက်ရှိတွင် ကမ္ဘောဇဘဏ်ဖြင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း ပုဂ္ဂလိကဘဏ် နှစ်ခုနှင့်လည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိကာ ကျန်ပုဂ္ဂလိက ဘဏ်များနှင့်လည်း Visa ကတ်မှ ဆက်လက် ဆောင်ရွက် သွားနိုင်ရန် ကြိုးစား လျက်ရှိသည်။ Visa ကတ်သည် နိုင်ငံ ပေါင်း (၂ဝဝ) ကျော်တွင် သုံးစွဲနေသော ကတ်တစ်
ခု ဖြစ်ပြီး ကတ် ကိုင်ဆောင်သူ ပေါင်း ၁ ဒသမ ၈ ဘီလီယံရှိကာ ကမ္ဘာ့ဈေးကွက် အကြီးဆုံး ကွန်ရက်တစ်ခု
 ဖြစ်ပြီး ဘဏ်ပေါင်း ၁၆ဝဝဝ ကျော်နှင့် ချိတ် ဆက်ထားကြောင်း သိရသည်။


မ၀တီ

0 comments:

Post a Comment

 
world time