Pages

Tuesday, December 25, 2012

မုံရွာဒေသရှိ အရပ်ရှေ့နေအချို့ တရားခွင်ပြင်ပတွင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများရှိနေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားရေးအကျိုးဆောင် အရပ်ရှေ့နေအချို့သည် တရားရေးမဏ္ဍိုင်အား ပြည်သူလူ ထု၏ ယုံကြည်ကိုးစားမှု ရုတ်လျော့စေရန် တမင်ကြံရွယ်၍ တရားခွင်ပြင်ပတွင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထိုးနှက်မှုများ ပြုလုပ် လျက်ရှိကြောင်း နစ်နာသူများ၏ ပြောပြချက်များအရ သိရသည်။ “ တရားခွင်ပြင်ပမှာတောင် တဘက်အရပ်ရှေ့နေတွေက စနစ်တကျနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို လုပ်ဆောင်လာပါ တယ်” ဟု မုံရွာမြို့နယ် တရားရုံးတွင် တိုင်တန်းသူအဖြစ် တရားရေး ရင်ဆိုင်နေသူ တစ်ဦးက monywa times သို့ ဆက်သွယ်ပြောပြသည်။

မုံရွာမြို့နယ် တရားရုံးတွင် တိုင်တန်းသူအဖြစ် တရားရေး ရင်ဆိုင်လျက်ရှိသော ပုဂ္ဂိုလ်တစ်ဦးအပေါ် စွပ်ခံရသူ၏ ဥပဒေ အကျိုးဆောင် အရပ်ရှေ့နေတစ်ဦးက တရားခွင်ပြင်ပတွင် သူ၏အမှုသည်နှင့်ပတ်သက်သော တိုင်တန်းသူအား ပုဂ္ဂိုလ်အရ တိုက်ခိုက်ရန် အများသူငှာလွတ်လပ်စွာ အပန်းဖြေအနားယူချိန်တွင် လက်ကိုင်ဖုန်းဖြင့် ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ကူး ခိုးယူကာ ယင်းဓာတ်ပုံအား မလျော်ညီသည့်နေရာတွင် အသုံးပြု၍ တိုင်းတန်းသူအပေါ် ပဂ္ဂိုလ်ရေးထိုးနှက်ချက်များ တမင်ကြံရွယ်ပြုလုပ်လျက်ရှိခြင်း ဖြစ်သည်။

“ အရပ်ရှေ့နေဆိုတာ ဥပဒေနည်းလမ်းအရ တဘက်ကခုခံချေပနိုင်အောင် အခကြေးငွေနဲ့ အမှုအတွက်ငှားရမ်းထားမျိုး ဖြစ်တယ်။ တရားခွင်ပြင်ပမှာ အငြိုအတေးထားပြီးတဘက်လူကို ထိုးနှက်တိုက်ခိုက်နေမယ်ဆိုရင်တော့ ရှေ့နေကျင့်ဝတ်အရ လည်းမကိုက်ညီသလို တရားစီရင်ရေးမဏ္ဍိုင်အတွက်လည်း ထိခိုက်နစ်နာစေရပါတယ်” ဟု ၀ါရင့် တရားလွှတ်တော်ရှေ့နေ ကြီးတစ်ဦးက ဝေဖန်အကြံပြုသည်။
   
Monywa Times

0 comments:

Post a Comment