Pages

Sunday, October 6, 2013

အရေပြားပေါ်က ညှင်းအကြောင်း သိကောင်းစရာ

RangonNewsDaily:: October. 6 .2013
ညှင်းပေါက်တယ်ဆိုတာက အရေးပြားပေါ်မှာ ဖန်းဂပ်စ်မှိုစွဲတဲ့အခြေအနေဖြစ်ပီးယားယံတာနဲ့ကိုယ်လက်
မသက်မသာဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ တကယ်တော့လူ့ခန္ဓာကိုယ်အရေပြားမှာ သဘာဝအရဖန်းဂပ်စ်
မှိုနဲ့ ဘတ်တီးရီးယားပိုးတွေ ရှိနေတတ်ပါတယ်။ပိုးတစ်ချို့က သိသိသာသာ ကြီးထွားပြန့်ပွားလာတဲ့အခါ အရေပြားမှာ ယားနာ၊ ၀ဲ၊ ပွေး၊ ညှင်း၊ နှင်းခူစတဲ့ အရေးပြားပြဿနာတွေဖြစ်လာတတ်ပါတယ် ဖြစ်ရသောအကြောင်းအရင်း

Malassezia Furfur ဆိုတဲ့ အရေပြားမှိုတစ်မျိုးကြောင့် အရေးပြားမှာ ညှင်းပေါက်ရတာဖြစ်ပါတယ်။ လူ့အရေ
ပြားမှာညှင်းဖြစ်စေတဲ့ မှိုပိုးအနည်းကသဘာဝအရ ရှိနေပါတယ်။ ညှင်းပေါက်ဖို့အခြေအနေပေါ်လာချိန်မှာ မှိုပိုးကြောင့် ညှင်းပေါက်ရတာပါ။ အထူးသဖြင့် အရေပြားမှာ အဆီအိတ်ဂလင်း(Sebaceous Gland)တွေ စ
တင်ဖွံ့ဖြိုးလာတဲ့ အပျိုဖော်၊ လူပျိုဖော်ဝင်စအချိန်မှာ ညှင်းစပြီးပေါက်နိုင်ပါတယ်။ အကြောင်းကတော့ ညှင်း
ဖြစ်စေတဲ့မှိုပိုးဟာ အရေပြားကအဆီဓာတ်ကိုသဘောကျလို့ပါ

ထင်ရှားသောအချက်

ညှင်းဟာပူပြင်းတဲ့ရာသီမှာပေါက်နှုန်းများပါတယ်။ အထူးသဖြင့် ချွေးထွက်များပြီး အရေပြားအစိုဓာတ်များ
သူတွေမှာ ညှင်းပေါက်တတ်ပါတယ်။ ညှင်းဟာ အများအားဖြင့် ရင်ဘတ်၊ ကျောပြင်၊ ချိုင်းတို့မှာပေါက်လေ့
ရှိပြီး လည်ပင်း၊ မျက်နှာ၊ ပေါင်စတဲ့ နေရာတွေမှာလည်းပေါက်တတ်ပါတယ်။ ညှင်းက မကူးတတ်ပါဘူး။

ဖြစ်နိုင်ခြေများသူများ

ညှင်းပေါက်တာကမျိုးရိုးလိုက်တတ်ပါတယ်။ ဥပမာ-မိဘမှာညှင်းပေါက်တာမျိုးဖြစ်ခဲ့ဖူးရင်သားသမီးမှာလဲဖြစ်
နိုင်ခြေရှိပါတယ်။ နောက်တစ်ချက်အနေနဲ့ကိုယ်ခံအားကျဆင်းနေသူတွေ၊စတီးရွိုတ်ဆေးကို ရေရှည်သောက်
ရသူတွေနဲ့ HIV/AIDS ရောဂါရှိသူတွေမှာ ညှင်းပေါက်နိုင်ခြေများပါတယ်။ 
 
ကုသမှု Ketoconazole ပါတဲ့ဗောက်ပျောက်ခေါင်းလျှော်ရည်ကို ညှင်းပေါက်တဲ့နေရာတွေမှာ လမ်းကာ၁၀မိ
နစ်ခန့်ထားပြီးရေဆေးချရင် သက်သာစေတယ်လို့အမျိုးသားကျန်းမာရေးတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်
အရသိရပါတယ်။ဒီကုသမှုကို ညှင်းမပျောက်မချင်း နှစ်ပတ်ခန့် ဆက်တိုက်ပြုလုပ်ပေးနိုင်ပါတယ်။

ကာကွယ်မှု

ညှင်းမပေါက်အောင် ကာကွယ်ဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဖို့လိုပါတယ်။အထူး
သဖြင့် အတွင်းခံအ၀တ်အစားတွေကို တစ်နေ့တစ်ကြိမ်ပဲ ၀တ်သင့်ပါတယ်။
 
အ၀တ်အစားတွေကို သန့်သန့်ရှင်းရှင်းလျှော်ဖွပ်ကာ မီးပူတိုက်ပြီးမှဝတ်ဆင်ပါ။ အထူးသဖြင့် ချွေးထွက်များ
သူတွေ၊ ကိုယ်ခံအား ကျနေသူတွေ၊ စတီးရွိုတ်ဆေးသောက်နေသူတွေ အနေနဲ့တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားဖို့အထူးအရေးကြီးပါတယ်။...
 
RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment