Pages

Sunday, October 6, 2013

ကလေးဝမြို့ ဘောလုံးပွဲတွင် ရုံးရင်းဆန်ခတ်ဖြစ်ပွား

RangonNewsDaily:: October. 6 .2013

စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်း တွင် ကစားခဲ့သော ရပ်ကွက်ကျေးရွာ ဘောလုံးပွဲ အဖြစ် ကိုင်းကျေးရွာ အသင်း နှင့် သစ်ချောက်ကျေးရွာ အသင်း တို့ ယှဉ်ပြိုင်ကစား ကြသည့် ပွဲ တွင် ပရိတ်သတ်များ အချင်ချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး တစ်ဦး ဓါးဖြင့် အထိုးခံခဲ့ရကာ အများအပြား ထိခိုက်ဒဏ် ရာ ရရှိခဲ့သည် ဟု သိရှိရပါသည်။ “ ဘောလုံးပွဲ မှာ ရဲက လုံခြုံရေး ပေါ့လျော့ လို့ ဒီလို ဖြစ်သွားတာ လို့ ကျွန်တော် ထင်တယ်။ ဘောလုံးပွဲစဉ်တလျှောက်လုံး နှစ်ပွဲ ပဲသွားကြည့်ဖူးတယ်ဗျ နှစ်ပွဲလုံး ပြသနာတက်တယ်။
စိတ်မကောင်းစရာပါပဲ မြင်ရတွေ့ရတာတွေကလေ. . .ဒီနေ့ ဘောလုံးပွဲတစ်ခုကိုအကြောင်းပြုပြီး ရိုက်နှက်ထိုးခုတ် လုပ်ချင်တိုင်းလုပ်ဖြစ်ချင်တိုင်းဖြစ်နေကြတာတွေကိုကြည့်ပြီးတော်တော် စိတ်မကောင်းဘူးဗျာ. .တကယ်ပါ ” ဟု ကလေးဝမြို့ ဒေသခံ တစ်ဦး မှ ပြောကြားခဲ့ပါသည်။
သလ္လာဝတီတိုင်းမ်စ် , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment