Pages

Thursday, May 9, 2013

မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်စရာအခြေအနေများ

၂၀၁၃ ခုနှစ်၊ မေလ (၉) ရက်
အခုတလော မြစ်ကြီးနားမြို့ရဲ့ မွတ်စလင်တွေနေထိုက် တဲ့ ရပ်ကွက်တွေနဲ့ ဗလီ တချို့ကို ညပိုင်းမှာ အကြမ်း
ဖက် ဖျက်ဆီးမီးရို့  မဲ့ သတင်းတွေပျံ့နေပါတယ်။ တစ်နေ့တစ်ခြား ထွက်လာတဲ့ သတင်းတွေက ပိုပြီးစိုးရိမ်စ
ရာမျိုးပါ။ ကချင်ပြည်နယ် ဆိုင်းတောင်မြို့က အကြမ်းဖက်အဖွဲ့တွေ မြစ်ကြီးနားမြို့ကို ရောက်ရှိခိုအောင်း
နေတယ်ဆိုတဲ့ သတင်းနဲ့အတူ ခေမာသီရိရပ်ကွက်မှာရှိတဲ့ ပန်းသေးဗလီကို အကြမ်းဖက်ဖျက်ဆီးကြမယ်လို့ သတင်းတွေထွက်တယ်။ ဗလီအနီးတဝိုက်နေထိုင်တဲ့မွတ်စလင်မ် ရပ်ကွက် က လူတွေလဲစိုးရိမ်နေကြ ပါတယ်။ နောက်ထပ် သတင်း
လွှင့်ထားတာကတော့ မြစ်ကြီးနားမှာရှိတဲ့ ဗလီတွေထဲက တလုံးလုံးကို ဖျက်ဆီးဖြစ်အောင် ဖျက်ဆီးပစ်မယ်
လို့ ကြားနေရတာပါ။

မြစ်ကြီးနားမြို့မှာအကြမ်းဖက် ဖျက်ဆီးမယ့်အဖွဲ့တွေ ရောက်နေတယ်ဆိုပြီး မြို့သူမြို့သားအများစုက သိနေ
ပေ မဲ့ သက်ဆိုင်ရာကတော့ ဒီနေ့အထိ စုံစမ်းဖော်ထုတ် ဖမ်းဆီးခြင်းမျိုး မရှိသေးလို့ သံသယဖြစ်နေကြပါ
တယ်။ သက်ဆိုင်ရာ တာဝန်မဲ့သူတွေဟာ တစ်မြို့လုံးနီးပါးသိနေတဲ့ကိစ္စကိုဘာကြောင့် ကြိုတင်ပြီးဖမ်းဆီးအ
ရေးယူ တားဆီးဆောင်ရွက် တာမျိုး မလုပ်ကြတာလဲဆိုတာ သိချင်နေကြပါတယ်။ အားလုံး ဖျက်ဆီးမီးရို့ လု
ယက် သတ်ဖြတ်ပြီးပြီဆိုတဲ့ အခါမှ လုံခြုံ့ရေးတွေ ဘာတွေ အလုပ်လုပ်ပြတယ်။

ပြောချင်တာ က က မွတ်စလင်မ် ရပ်ကွက် ဗလီတွေနားမှာ လုံခြုံရေးပေးတယ်ဆိုတာပဲလုပ်ပြနေပြီ။ မဖြစ်
ခင် ဖမ်းဆီး အရေးယူတာတွေ မလုပ်မှတော့ ခိုးဆိုးလုယက်၊ အကြမ်ဖက်သမားတွေ အကြိုက်တွေ့တာပေါ့။

မနေ့က ၃-၅-၂၀၁၃ ည ၈ နာရီလောက်မှာ မြစ်ကြီးနားမြို့ အောင်နန်း ဗလီရှေ့ကနေ ရပ်ကွက်ထဲကို ဘယ်
ကမှန်းမသိတဲ့ လူတယောက်က ပုဆိုးတုံးလုံးချွတ်ပြီး လိုက်ပတ်ဆဲနေတာ့၊ ရပ်ကွက်က မွတ်စလင်မ် တွေ ဝိုင်းဖမ်းပြီး ငြိမ်းချမ်းစွာနဲ့ ရဲခေါ်အပ်ပေးလိုက်ရတယ်။

နောက်ဆက်တွဲတော့ ဘယ်လိုအရေးယူလိုက်တယ်။ ဘယ်လိုစစ်ဆေး၊ ဖော်ထုတ်လိုက်တယ်လို့ ဘာမှ မသိ
ရပါဘူး။ ကြည့်နေလိုက်ပါ နောက်တော့လဲ အရက်မူးလို့ ဖြစ်သွားတာပါဆိုပြီး ဖြစ်လာဦးမှာပါ။ ဒီနေရာမှာ မွတ်စလင်မ် တယောက်ကသာ ဗမာရပ်ကွက်ထဲသွားပြီး ဆဲကြည့်လိုက် ဂျာနယ်တွေ သတင်းတွေထဲမှာ ပလူ
ပျံနေအာင်ထည့်ပြီး ဘယ်လိုလုပ်ကြမယ်ဆိုတာ အားလုံးသိပြီးသားပါ။

 အလင်းမျက်ဝန်း
Rangonnewsdaily
RND:  :9.5.2013


0 comments:

Post a Comment