Pages

Thursday, May 9, 2013

ရွှေဂုံတိုင်ဂုံးကျော်တံတားစီမံကိန်း မြေနေရာ နင့်ကပ်ရပ် လမ်းဘေးတွင် မြေကြီးအပ်ကွဲကြောင်းဖြစ်ပေါ်နေ

ရွှေဂုံတိုင်ဂုံးကျော်တံတားစီမံကိန်း မြေနေရာ နင့်ကပ်ရပ် လမ်းဘေးတွင် မြေကြီးအပ်ကွဲနေကြောင်း သိရှိရသည်။ ၄င်းမြေကြီးအပ်ကွဲနေသော နေရာမှာ ဇီဝိတဒါနဆေးရုံ ဘက်မှ ရွှေဂုံတိုင်မီးပွိုင့်ဘက်သို့ သွားသော ဘက်တွင်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ၄င်းမြေကြီးအပ်ကွဲရသည့်အကြောင်းအရင်းမှာ ရွှေဂုံတိုင်ဂုံးကျော်တံတား စီမံကိန်းမြေနေရာအထဲတွင် တံတားဆောက်လုပ်ရန် ပြုလုပ်ရာမှ တံတားအဟောင်း တစ်ခု ၏ အောက်ခြေ ဟု ယူဆရသော တိုင်(၄)တိုင် ကို တွေ့  ရှိရပါသည်။ ၄င်း တိုင်(၄)တိုင် ရှိသော နေရာအား လေးထောင့် ကန်တစ်ခု ဖြစ်အောင် လုပ်ထားပြီး မြေကြီးအပ်ကွဲရာသည်လည်း ၄င်း ကန် ဘက်မှ စလာခြင်းဖြစ်သည်။ 
၎င်းမြေကြီးအပ်ကွဲရာနေရာသည် အချိန်မရွေးပြိုနိုင်သည်ဖြစ်သောကြောင့် ယာဉ်မောင်းများအနေဖြင့်လည်း ကားများအား ဖြည်းညှင်းစွာ မောင်းနှင်းကြပါရန်အသိပေးအပ်ပါသည်။

Myanmar News International , Rangonnewsdaily
RND:  :9.5.2013

0 comments:

Post a Comment