Pages

Sunday, June 14, 2015

မြန်မာနှင့် တောင်ကိုရီးယားတို့၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် လက်မှတ်များကို အွန်လိုင်းမှ စတင်ရောင်းချ

RangonNewsDaily:: June . 14 .2015
ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် အတွက် ကျင်းပသည့် အာရှဇုန် ခြေစစ်ပွဲစဉ် များ၏ ဒုတိယ အဆင့် အုပ်စု (ဆ) ဒုတိယမြောက် ပွဲစဉ်ဖြစ်သည့် မြန်မာ အသင်းနှင့် တောင်ကိုရီးယား အသင်းတို့၏ ပွဲစဉ်အတွက် လက်မှတ်များကို အွန်လိုင်းမှ စတင် ရောင်းချနေပြီ ဖြစ်သည်။

မြန်မာ အသင်းနှင့် တောင်ကိုရီးယား အသင်းတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ ကွင်းကြီးတွင် ဇွန် ၁၆ ည ၇း၀၀ နာရီတွင် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်အတွက် လက်မှတ်များကို www.thaiticketmajor.com တွင် ရောင်းချပေးနေခြင်း ဖြစ်သည်။

လက်မှတ် ဈေးနှုန်းများကို အထူးတန်း ဘတ် ၅၀၀ နှင့် ရိုးရိုးတန်း ဘတ် ၃၀၀၊ ၂၀၀၊ ၁၀၀ များ အသီးသီး သတ်မှတ်ထားပြီး အွန်လိုင်းမှ ၀ယ်ယူခြင်း အပြင် ပွဲကစားမည့်နေ့ တွင်လည်း နေ့လည် ၁း၀၀ နာရီမှ စ၍ ပွဲကျင်းပမည့် ရာဇမင်္ဂလာ ကွင်းကြီးတွင်လည်း ဝယ်ယူနိုင်မည် ဖြစ်သည်။ လာရောက် ကြည့်ရှုမည့် ပရိသတ်များကို ညနေ ၅း၀၀ နာရီမှ စတင်ကာ ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် ပြုမည် ဖြစ်သည်။

လက်မှတ် ၀ယ်ယူမှုနှင့် ပတ်သက်၍ အသေးစိတ် သိလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် နိုင်ပါသည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ - +66 9556 22725၊ +66 9708 18440
လက်မှတ် ၀ယ်ယူနိုင်သည့် လင့် - http://www.thaiticketmajor.com/…/fifa-world-cup-russia-2018…
Myanmar Football Federation's
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment