Pages

Tuesday, June 16, 2015

ငွေတံဆိပ်မှသည် ၂၀၁၇ ရွှေတံဆိပ်သို့


RangonNewsDaily:: June . 16 .2015
မြန်မာ ယူ ၂၃ အသင်းသည် ၂၈ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်းပြိုင်ပွဲမှ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ထိုင်း ယူ ၂၃ အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အရေးနှိမ့်ခဲ့ပြီး ဒုတိယဆု ငွေတံဆိပ်ဖြင့် အဆုံးသတ်ခဲ့ရသည်။
မြန်မာအသင်းနှင့် ထိုင်းအသင်းတို့သည် အုပ်စုပတ်လည်ပွဲနှင့် အကြိုဗိုလ်လုပွဲတွင် ရှုံးပွဲမရှိ ဗိုလ်လုပွဲကို တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဗိုလ်လုပွဲတွင် ပထမပိုင်း ၄၅ မိနစ်အထိ တဘက်နှင့် တဘက် အပြန်အလှန် တိုက်စစ်ဖွင့် ကစားခဲ့ပြီး ထိုင်းအသင်းမှ အပိုင်ရရှိသည့် အမှတ်မထင် ကန်သွင်းချက်များကို မြန်မာဂိုးသမား ကျော်ဇင်ဖြိုး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့၍ ပထမပိုင်းတွင် ဂိုးမပေးရခြင်း ဖြစ်သည်။

ဒုတိယပိုင်း ပြန်လည်ကစားရာတွင် ထိုင်းအသင်း တိုက်စစ်ကို မြန်မာအသင်း မထိန်းချုပ်နိုင်သောကြောင့် ထိုင်းအသင်း ဦးဆောင်ဂိုးများ ရရှိခဲ့သည်။ မြန်မာအသင်းအနေဖြင့် ချေပဂိုးရရှိရန် တန်ပြန် တိုက်စစ်ဆင် ကစားခဲ့သော်လည်း ပွဲချိန်ပြီးဆုံးသွားသည့် အထိ ဂိုးမသွင်းနိုင်ဘဲ ဒုတိယဖြင့်သာ ဖြေသိမ့်ခဲ့ရသည်။
အနိုင်ရ ဗိုလ်စွဲသွားသည့် ထိုင်း ယူ ၂၃ အသင်းသည် ဆယ်စုနှစ်ကြာ စံနစ်တကျ ဖွဲ့စည်း တည်ထောင် ထားသည့် လူငယ်အသင်းဖြစ်သည်။ နည်းစနစ်ပိုင်းကို ဦးစားပေး၍ အစဉ်တစိုက် ပြုစုပျိုးထောင်ထားသည့် အာဆီယံဒေသတွင်း အကောင်းဆုံးအသင်း တသင်း ဖြစ်သည်ဟု ဆိုနိုင်သည်။



မြန်မာ ယူ ၂၃ အသင်းသည် တက်လက်စခြေစွမ်းရရှိထားသည့် အသင်းဖြစ်ပြီး ပွဲအခြေအနေကို အချိန်မရွေး ပြောင်းလဲ စေနိုင်သည့် အသင်းဖြစ်သည်ဟု ပြိုင်ဘက်အသင်း နည်းပြများမှ သုံးသပ်ကြသည်။ မြန်မာအသင်း နည်းပြ ဦးကြည်လွင်က ယခုဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်းသည် ပုံမှန်ခြေစွမ်းမျိုး ပြန်လည်ရရှိလာပြီး အကောင်းဆုံးအနေအထားဟု ဆိုသည်။
ရွှေတံဆိပ်ဆုနှင့် ကာလအတန်ကြာ ဝေးကွာနေခဲ့သည့် မြန်မာအသင်းသည် ယခု ဆီးဂိမ်းတွင် ဗိုလ်လုပွဲ အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့်အတွက် မြန်မာလူထုနှင့် မြန်မာပရိသတ်များ မျှော်လင့်တောင့်တနေသည့် ရွှေတံဆိပ်ဆုသည် လက်တကမ်းအလိုသို့ ကျရောက်လာခဲ့သည်။


သို့သော်လည်း ပွဲချိန် မိနစ် ၉၀ ရလဒ်သည် မြန်မာလူထုကို လာမည့် ၂၀၁၇ ဆီးဂိမ်းသို့ တွန်းပို့ခဲ့သည်။ ဒုတိယဆု ငွေတံဆိပ်ကို မြန်မာလူထုသည် ကျေကျေနပ်နပ်ဖြင့် ခံယူခဲ့ကြ သည်။ မြန်မာ ယူ ၂၃ လူငယ်အသင်းကို နိုင်ငံကိုယ်စာ အကြွင်းမဲ့ ကျေးဇူးတင်ခဲ့ကြသည်။ အမိနိုင်ငံ ပြန်ရောက်လာလျှင် ခမ်းခမ်းနားနား ကြိုဆိုကြဦးမည် ဖြစ်သည်။

ဧရာဝတီ, KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment